လက်ရှိရလဒ်နဲ့ ရပ်တည်မှုအပေါ် တော်တော်လေးမကျေနပ်မနပ်ဖြစ်နေပုံပါပဲ။

သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၃ သင်းနေရာအောက် ဘယ်နေရာအတွက်မဆို တိုက်ပွဲဝင်ရမယ့်အပေါ်မှာ လက်သင့်မခံနိုင်ဘူးလို့ ရော်နယ်ဒိုက အသင်းဖော်တွေကို ပြင်းပြင်းထန်ထန်သတိပေးပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာမှ အသင်းဟောင်းယူနိုက်တက်ကို ပြန်ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်ဒိုဟာ တတိယနေရာက လီဗာပူးလ်နဲ့ ၁၂ မှတ်အထိ ပြတ်တောက်နေတဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေတာလည်းဖြစ်ပါတယ်။ 

Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ပြောဆိုခဲ့တာဖြစ်ပြီး အသင်းဖော်တွေအနေနဲ့ အမူအကျင့်၊ စိတ်ဓာတ်တွေကို ပြင်ဆင်ပြီး ကြိုးစားကစားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ လက်ရှိအသင်းဖော်တွေနဲ့ပတ်သက်ပြီး ရော်နယ်ဒိုရဲ့ ပထမဆုံးအကြိမ်လူသိရှင်ကြားပြောဆိုမှုလည်းဖြစ်လာခဲ့ပြီး သူ ဘယ်လောက်ထိ စိတ်ပျက်နေလဲဆိုတာကိုပါ ထင်ရှားစေခဲ့ပါတယ်။ 

"မန်ချက်စတာယူနိုက်တက်က အမှတ်ပေးဖလား ဒါမှမဟုတ် အဆင့်နှစ်၊ အဆင့်သုံးနေရာတွေအတွက်ပဲ ယှဉ်ပြိုင်သင့်ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် တခြားဘယ်အဆင့်ကမှ ယူနိုက်တက်အတွက်မဟုတ်ဘူးလို့ ကျနော်မြင်တယ်၊ ထိပ်ဆုံးသုံးသင်းနေရာအောက်ထက် လျော့တဲ့နေရာမျိုးအတွက် ပြိုင်ဆိုင်ရမယ်ဆိုတာကိုလည်း ကျနော် လက်သင့်မခံနိုင်ဘူး၊ အခု ကျနော်တို့ ဒါတွေကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်"

"ကျနော်က ကစားသမားတဦးဖြစ်ပြီး နည်းပြ၊ အသင်းဥက္ကဌလည်းမဟုတ်ဘူး၊ ဒါကြောင့် ကျင့်ဝတ်နဲ့မညီဘူးလို့ထင်တဲ့အတွက် ဘာတွေလုပ်ပါဆိုတာမျိုးကိုလည်း အတိအကျမပြောချင်ဘူး၊ ဒါက ကျနော့်ဘက်ခြမ်းအမြင်ပါ၊ အဆင့် ၆ ၊ ၇ အတွက် ဒီအသင်းကို ရောက်လာတာမဟုတ်ဘူး၊ ဆုဖလားတွေရအောင်ကြိုးစားဖို့ ကျနော်ရောက်လာတာပါ၊ ပြိုင်ဆိုင်ချင်လို့ပါ၊ ကျနော်တို့က ပြိုင်ဆိုင်နိုင်ပေမယ့် အခုတော့အကောင်းဆုံးအဆင့်မဟုတ်သေးပါဘူး"

" တကယ်လို့သာ ကျနော်တို့ရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲလိုက်မယ်ဆိုရင် ကြီးမားတဲ့အရာတွေကို ရယူနိုင်မယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်" လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အသင်းအတွက် ၂၁ ပွဲကစားပေးပြီး ၁၄ ဂိုးသွင်းယူပေးထားပေမယ့် လက်ရှိမှာတော့ ဂိုးရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က