အဝတ်လဲခန်းထဲကို သွားတဲ့လမ်းမှာ အာဆင်နယ်နောက်ခံလူဟာ အရန်ခုံတန်းရှေ့နားက အမှိုက်တစ်စကို မြင်တွေ့သွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နောက်ခံကစားသမား တိုမီယဆုဟာ တနင်္ဂနွေနေ့ညက စပါးစ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ကွင်းထဲက အမှိုက်ကို ကောက်ပေးခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေဟာ ဂျပန်လက်ရွေးစင်ကြယ်ပွင့်ရဲ့ အဆင့်အတန်းရှိတဲ့ အပြုအမူအတွက် ချီးကျူးနေကြပါတယ်။

အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ နောက်ကျ လူစားဝင်ကစားပေးခဲ့ရပေမယ့်လည်း အဖြစ်အပျက်တွေ စုံလင်တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အရသာကို မြည်းစမ်းခွင့် ရရှိခဲ့တာဖြစ်ပြီး ၈၆ မိနစ်မှာ ဇင်ချန်ကိုရဲ့နေရာမှာ လူစားဝင်ကစားခဲ့ပြီးနောက် ဂန်းနားတွေရဲ့ ၂ ဂိုးအသာနဲ့ ဦးဆောင်ထားမှုကို ထိန်းသိမ်းနိုင်ဖို့ အကူအညီပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိုမီယဆုဟာ လူစားဝင် မကစားပေးမီ တော့တင်ဟမ်ဟော့စပါး လူစားဝင်ကစားသမား ရစ်ချာလီဆန်နဲ့ ကွင်းဘေးစည်းမှာ အချင်းများမှုအတွင်း ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဂျပန်နောက်ခံကစားသမား တိုမီယဆုက အဝေးကွင်းပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ပြီးနောက် တီယာနီ၊ သောမတ်စ် ပါတေးတို့ရဲ့နောက်ကနေ ဥမင်လျှောက်လမ်းထဲကို ဆင်းဖို့ သွားခဲ့ပြီး အဝတ်လဲခန်းထဲကို သွားတဲ့လမ်းမှာ အာဆင်နယ်နောက်ခံလူဟာ အရန်ခုံတန်းရှေ့နားက အမှိုက်တစ်စကို မြင်တွေ့သွားခဲ့တာ ဖြစ်ပါတယ်။



တိုမီယဆုဟာ တော့တင်ဟမ် ဟော့စပါးကွင်းရဲ့ ဥမင်လျှောက်လမ်းထဲကို မဆင်းခင် အဲဒီအမှိုက်ကို ကောက်ယူခဲ့တာဖြစ်ပြီး "တိုမီယဆုက ကွင်းထဲကနေ ထွက်ခွာချိန်မှာ အမှိုက်ကောက်ပေးခဲ့တယ်။ အဆင့်အတန်းရှိလိုက်တဲ့ အပြုအမူ"လို့ ပရိသတ်တစ်ဦးက ချီးကျူးခဲ့ပါတယ်။ နောက်ထပ် အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်ပုံရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးကလည်း "အသင်းက ဥမင်ထဲကို ဝင်တော့မယ့်အချိန်မှာ တိုမီယဆုက အမှိုက်အချို့ကို ကောက်ယူခဲ့တာကို သတိပြုမိတယ်။ စပါးစ်ကွင်းမှာ ဖြစ်နေတာတောင်မှ ငါတို့တွေရဲ့ အဆင့်အတန်းက အထက်မှာ ရှိနေဆဲပဲ"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က