ဒီဇိုင်းပိုင်းရော Features အရပါ အဆင့်အတန်းရှိတဲ့ ဘတ်ဂျက်စမတ်နာရီသစ်တစ်လုံးကို DT No.1 က မိတ်ဆက်လိုက်ပါတယ်။
DT No.1 အမှတ်တံဆိပ်ကနေ DT8 Ultra နာမည်နဲ့ တန်ဖိုးနည်းစမတ်နာရီတစ်လုံးကို ကြေညာသွားတာ ဖြစ်ပါတယ်။ DT8 Ultra ဟာ အရောင်အသွေးစုံလင်ပြီး ဒီဇိုင်းပိုင်းလည်း ခပ်မိုက်မိုက် ထုတ်ထားတာပါ။ စတိုင်ကျပြီး လုပ်ဆောင်မှုအရလည်း High-End Features တွေကို သုံးပေးထားတာပါ။ စမတ်နာရီလောကမှာ Apple ၊ Samsung ၊ Fitbit ၊ Garmin တို့ပဲ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့ပြီး ဒီအမှတ်တံဆိပ်တွေကလည်း ဈေးအမြင့်တန်းထုတ်ကုန်တွေပဲ အဓိက ထုတ်လုပ်တာ ဖြစ်ပါတယ်။
Photo: Gizchina
Brand မြင့်သလို ဈေးလည်း တော်ရုံလူ လိုက်မမှီနိုင်တဲ့ High-End Features သုံး စမတ်နာရီဈေးကွက်ထဲကို DT No.1 လို ဘတ်ဂျက်အမှတ်တံဆိပ်က တန်ဖုန်းနည်းထုတ်ကုန်နဲ့ ထိုးဖောက်လာတာပါ။ DT8 Ultra စမတ်နာရီမှာ ပါတဲ့ Features တွေအရ ဒီနာရီဟာ Apple စမတ်နာရီလိုမျိုး ဒီဇိုင်းတည်ဆောက်မှု သပ်ရပ်စမတ်ကျပြီး ဈေးနည်းနည်းနဲ့ Quality ရှိတဲ့ ထုတ်ကုန်လို့ ဆိုနိုင်ပါတယ်။
DT8 Ultra စမတ်နာရီဟာ Bluetooth ခေါ်ဆိုမှုအထောက်အပံ့ပေးထားပြီး အချိန်နဲ့တပြေးညီ နှလုံးခုန်နှုန်းတိုင်းတာမှုတွေ ၊ အိပ်စက်မှုခြေရာခံစနစ် ၊ အသက်ရှုလေ့ကျင့်ပေးတဲ့ နည်းပညာ ၊ ကိုယ်အပူချိန်တိုင်းတာရေး ၊ Bluetooth ချိတ်ဆက်ပြီး သီချင်းထိန်းချုပ်မှု အပြင် အားကစားနဲ့ဆိုင်တဲ့ Sports Modes တွေလည်း အများအပြား ပါဝင်ပါတယ်။ ပုံမှန်ပါနေတဲ့ Features တွေ ဖြစ်တဲ့ နှိုးစက် ၊ အသံအကူနည်းပညာ ၊ Flashlight ၊ စကားဝှက်နဲ့ လုံခြုံရေးကာကွယ်ထားရှိမှု ၊ ပြက္ခဒိန် ၊ Reminder ၊ ကင်မရာထိန်းချုပ်မှု ၊ Call ID နဲ့ Notis တွေ ၊ Screen အပိုင်းခွဲတာတွေလည်း ပါရှိပါတယ်။
တစ်နည်းအားဖြင့် ကိုယ့်ဖုန်းလက်ကောက်ဝတ်ပေါ်က Mini စမတ်ဖုန်းလို့တောင် ဆိုနိုင်ပါတယ်။ ကိုယ်ထည်ကို ဇင့်အလွိုင်း နဲ့ IML နဲ့ ထုတ်ထားပြီး မျက်နှာပြင်ဆိုဒ် ၂ လက်မ IPS Full-View Color Display ပါရှိပါတယ်။ နာရီအိုးကတော့ စတုရန်းပုံဒီဇိုင်းနဲ့ လာပြီး ဖိအားဒဏ်ခံနိုင်တဲ့မှန်နဲ့ ကာကွယ်ထားပါတယ်။ နာရီ Watch Face ပေါင်း ၅၀၀ ကျော် ထည့်ပေးထားပြီး Android နဲ့လည်း ချိတ်ဆက်နိုင်သလို iOS ထုတ်ကုန်တွေနဲ့လည်း တွဲပြီး အသုံးပြုနိုင်ပါတယ်။
Photo: Gizmochina
ဘက်ထရီပါဝါ 280mAh အားသုံးထားပြီး ပုံမှန်အသုံးပြုပုံနဲ့ဆို ၅ ရက်အထိ အားခံပါတယ်။ Standby ဒီအတိုင်း ထားမယ်ဆို ၂၅ ရက်ကနေ ၃၅ ရက်အထိ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ DT8 Ultra နာရီကို အားအပြည့်သွင်းဖို့ ၅ နာရီနီးပါး အချိန်ယူရပါတယ်။ အားသွင်းရာမှာ ကြိုးမဲ့အားသွင်းစနစ်လည်း အထောက်အပံ့ပေးထားပါတယ်။ ဒီနာရီရဲ့ နောက်ထပ် Key Feature တစ်ခုက Sports mode မျိုးစုံကို ကလစ်တစ်ချက်တည်းနဲ့ တိုက်ရိုက် ကူးပြောင်းနိုင်တာပါ။ NFC ငွေချေစနစ် ၊ လေဖိအားတိုင်းစနစ် ၊ အိပ်ရာဘေး Lamp Mode ထားတာ ၊ မီနီဂိမ်းလေးတွေ ဆော့တာကိုလည်း Support ပေးထားပါတယ်။
DT8 Ultra စမတ်နာရီကို အနက် ၊ မီးခိုးရောင်နဲ့ လိမ္မော်ရောင် ကာလာ ၃ မျိုးနဲ့ လာပြီး ဈေးနှုန်း ၂၉.၉၉ ဒေါ်လာ (မြန်မာငွေ ၁ သိန်းအောက်ဈေး) နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။