Honor ရဲ့ ပိုပြီး အဆင့်မြင့်လာတဲ့ Foldable ဖုန်း

နိုင်ငံတကာဈေးကွက်ထဲ ဝင်ရောက်မယ့် Honor ရဲ့ ဒုတိယမြောက် ခေါက်သိမ်းနိုင်စမတ်ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ 

Samsung ထုတ် Galaxy Z Fold ဒီဇိုင်းမျိုးနဲ့လာတဲ့ Honor Magic VS ဟာ ကုမ္ပဏီရဲ့ ဒုတိယမျိုးဆက် ခေါက်သိမ်းနိုင်စမတ်ဖုန်းဖြစ်ပြီး အတွင်းဘက် ၇.၉ လက်မ Display နဲ့ အပြင် ၆.၄၅ လက်မဆိုဒ် ကာဗာ Display ပါရှိပါတယ်။ ဒီနှစ်ဆန်းပိုင်းကပဲ ထွက်ရှိခဲ့တဲ့ Honor ရဲ့ ပထမဆုံး Foldable ဖုန်း Honor Magic V ထက် ဒီမော်ဒယ်သစ်က ပိုပါးပြီး ပိုလည်း ပေါ့ပါးတယ်လို့ ဆိုပါတယ်။ Display ခေါက်ချိန်မှာ ဟ,ရာမရှိအောင် သေသေသပ်သပ်ပိတ်နိုင်မယ့် နည်းပညာမြင့် ပတ္တာသစ်ကြောင့်လည်း ဝိတ်ကို လျှော့ချနိုင်ခဲ့တာလို့ ကုမ္ပဏီက ပြောပါတယ်။




Photo : GSMArena

Honor Magic VS ဟာ Snapdragon 8+ Gen 1 နဲ့ လာပြီး 12/256GB ၊ 12/512GB တို့အပြင် ဈေးပိုသက်သာမယ့် 8GB/256GB ဗားရှင်းလည်း ထုတ်ထားပါတယ်။ Multitasking လုပ်နိုင်အောင် အထူးထုတ်ထားတဲ့ Foldable ဖုန်းအမျိုးအစားဖြစ်တဲ့အတိုင်း Honor Magic VS ဟာ Magic Pen လို့ ခေါ်တဲ့ Stylus သစ်တစ်ခုနဲ့ပါ Bluetooth က တစ်ဆင့် တွဲဖက်အသုံးပြုနိုင်မှာပါ။ အတွင်းဖြန့် ၇.၉ လက်မ Foldable OLED Screen ဟာ 2272 x 1984p ရုပ်ထွက်ပါရှိပြီး 90Hz Refresh Rate ၊ 800nit တောက်ပမှုတို့ ပါရှိတာကြောင့် ဒီအချက်မှာ ပထမမျိုးဆက်နဲ့ အတူတူပဲလို့ ပြောနိုင်ပါတယ်။ 

အပြင်ဘက်ကာဗာ Display ဟာ 2560 x 1080p ရုပ်ထွက် ပါရှိပြီး 120Hz Refresh Rate နဲ့ HDR10+ Support ပေးထားပါတယ်။ အတွင်း အပြင် Display နှစ်ခုစလုံးဟာ 10-bit Panel တွေ ဖြစ်တာကြောင့် ကာလာပေါင်းသန်း ၁၀၀၀ ကျော် ပါရှိမှာပါ။ Honor ကုမ္ပဏီရဲ့ အဆိုအရ ကုမ္ပဏီရဲ့ Foldable ထုတ်ကုန်သစ်ဟာ Display ခေါက်သိမ်းရာမှာ အတွန့်အခေါက်လုံးဝမရှိစေမယ့် ပတ္တာနည်းပညာသစ် သုံးထားတယ်လို့ ဆိုပါတယ်။ 

Honor ရဲ့ Hinge သစ်ဟာ တစ်ခုချင်းအလိုက် ထုတ်လုပ်တဲ့နည်းပညာနဲ့ သေချာဖန်တီးထားတာဖြစ်ပြီး ပစ္စည်းကိရိယာ ၉၂ မျိုးအစား ၄ မျိုးတည်းပဲ သုံးထားပြီး အကြမ်းခံမှုနဲ့ အမာခံနိုင်စွမ်းကိုလည်း မြှင့်တင်ထားတယ်လို့ ပြောပါတယ်။ Honor ရဲ့ ပတ္တာ Hinge သစ်ကို Honor Labs မှာ အကြိမ်ပေါင်း ၄ သိန်းကျော် အခေါက်အသိမ်းခံနိုင်အောင် စမ်းသပ်ထားတာကြောင့် တစ်ရက်အကြိမ် ၁၀၀ ခေါက်သိမ်းလုပ်ရင်တောင် ၁၀ နှစ်ကျော် အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။ 

ကင်မရာပိုင်းမှာ သုံးလုံးတွဲကင်မရာစနစ်ကိုပဲ အသုံးပြုထားပြီး Honor 70 Pro စီးရီးအတိုင်း f/1.9 lens ပါ 54MP Sony IMX800 Main Sensor ၊ macro lens လိုရော Ultrawide angle ကင်မရာလိုပါ အသုံးပြုနိုင်မယ့် 50MP ကင်မရာ နဲ့ 3x Optical Zoom ဆွဲနိုင်မယ့် 8MP Telephoto ကင်မရာတို့ ပါရှိပါတယ်။ ရှေ့ဘက် ကာဗာ Display မှာ f/2.45 aperture ပါ 16MP Selfie ကင်မရာ ပါရှိပြီး အတွင်းခွင်ကင်မရာအကြောင်းတော့ ပြောကြားခြင်း မရှိပါဘူး။ 


Photo: GSMArena

Honor Magic VS ဟာ 66W Charging ပါလာတဲ့ 5000mAh ဘက်ထရီနဲ့ လာပြီး အားပြည့်ဖို့ ၄၆ မိနစ်ပဲ ကြာမယ်လို့ ဆိုပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံတဲ့ MagicOS 7.0 နဲ့ မောင်းနှင်ထားပါတယ်။ လိမ္မော်ရောင် ၊ စိမ်းပြာရောင် နဲ့ အနက်ရောင် ကာလာ ၃ မျိုးနဲ့ လာပြီး RAM/Storage အမြင့်ဆုံးဗားရှင်းတွေအတွက် အနက်နဲ့ရွှေရောင် သီးသန့် မိတ်ဆက်ထားပါတယ်။ 8/256GB ဗားရှင်းကို တရုတ်ဈေးကွက်မှာ ၇၄၉၉ ယွမ် (မြန်မာငွေ သိန်း ၃၀ ဝန်းကျင်) ဈေး ၊ 12/256GB ဗားရှင်းကို ၇၉၉၉ ယွမ် ( မြန်မာငွေ သိန်း ၃၀ ကျော်) နဲ့ အမြင့်ဆုံး 12/512GB ဗားရှင်းကို ၈၉၉၉ ယွမ် (မြန်မာငွေ ၃၅ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ နိုင်ငံတကာဈေးကွက်အနေနဲ့ ၂၀၂၃ ပထမသုံးလပတ်ထဲ ဖြန့်ချိဖို့ ရှိပြီး ဒီဖုန်းဟာ နိုင်ငံခြားဈေးကွက်ကို ဖြန့်ချိမယ့် Honor ရဲ့ ပထမဆုံး Foldable Flagship ဖုန်း ဖြစ်လာမယ်လို့လည်း ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က