လွတ်မြောက်လာတဲ့သတင်းက မှန်ကန်ကြောင်းအတည်ပြုထားပါတယ်။

အဆိုတော် သရုပ်ဆောင်ပိုပိုကတော့ ယနေ့ အောက်တိုဘာ၂၈ရက်ညပိုင်းမှာ အင်းစိန်ထောင် ​က​နေ လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော်ပိုပိုရဲ့သတင်းနဲ့ပတ်သက်​ပြီး

"လွတ်မြောက်သွားတဲ့သတင်းကမှန်ပါတယ်။ အခုပြန်လာတဲ့လမ်းမှာပါ"လို့အဆိုတော်ပိုပိုရဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။ 


Photo-PoPo

မတ်လ၂၀၂၁ခု နှစ် မတ်လ ၂ ရက်နေ့က ပုဒ်မ ၅၀၅-က နဲ့ ထောင်ချခံထားရတဲ့ အနုပညာရှင် အချို့ကို လွတ်ငြိမ်းနဲ့ လွှတ်ပေးခဲ့ပေမယ့် မလွတ်မြောက်သေးတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ပိုပိုလည်း တဦး အပါအဝင်ပဲ ဖြစ်ပါတယ်။ 

ယနေ့မှာတော့ အဆိုတော်ပိုပိုနဲ့ အတူ Beauty Blogger ဝင်းမင်းသန်းနဲ့ ဒါရိုက်တာ မိုက်တီးတို့ပါ လွတ်မြောက်ခဲ့တယ်လို့လည်းသိရပါတယ်။

Photo-PoPo

အဆိုတော် ပိုပိုဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာ ကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ သူမရဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်များထဲမှ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင် ၊ သရုပ်ဆောင် လူမင်း၊ပိုင်တံခွန် တို့က မတ်လ ၂ ရက်နေ့မှာ လွတ်မြောက်ခဲ့တာဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ာတော့ အဆိုတော်ပိုပိုနဲ့ အတူ Beauty Blogger ဝင်းမင်းသန်းနဲ့ ဒါရိုက်တာ မိုက်တီးတို့ပါ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ပိုပိုဟာ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ရလာပြီး ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။ ပိုပိုဟာ ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုဘက်ကိုလည်း စတင်ခြေလှမ်းနေသူဖြစ်ပါတယ်။ ပိုပိုက "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခဲ့ဖူးပြီး အဲဒီရုပ်ရှင်ကားဟာ သူမပထမဆုံး သရုပ်ဆေငာင်တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ သူမဟာ ထုတ်လုပ်သူတစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားနေသလို အခြေအနေကောင်းလာရင်လည်း Entertainment အကြီးကြီးတစ်ခု ထောင်ဖို့ ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က