အဆိုတော် ဝေလတို့ဇနီးမောင်နှံနှစ်ဦးဟာ ကွာရှင်းပြတ်ဆဲပြီးစီးတဲ့အ ကြောင်းကိုအဆိုတော်ဝေလရဲ့ဇနီးကသူမရဲ့ ဆိုရှယ်မီဒီယာထက်ကနေ ရေးသားဖော်ပြလိုက်ပါတယ်။
Photo- Wai La FB
"အကြင်လင်မယားအဖြစ်မှကွာရှင်းပြတ်ဆဲပြီးစီးကြောင်းအများသိစေရန်ကြေညာခြင်းဦးဝေဖြိုးအောင် (ခ)ဝေလ(အဆိုတော်)၁၂/ဒဂရ(နိုင်) ၀၀၃၀၇၁ နှင့်ကျွန်မဒေါ်သရဖီမျိုးမင်း (၁၂/ဒဂမ(နိုင်) ၀၁၂၆၅၃တို့သည်( ၃၀. ၇ . ၂၀၂၀)ရက်နေ့တွင်ကမာရွတ်မြို့နယ်တရားရုံး၊တရားသူကြီးရှေ့မှောက်တွင်နှစ်ဦးသဘောတူအကြင်လင်မယားအဖြစ်တရားဝင်ကွာရှင်းပြတ်စဲပြီးဖြစ်ပါသဖြင့်တစ်ဦးနှင့်တစ်ဦးမည်သို့မျှသက်ဆိုင်ခြင်းမရှိတော့ပါကြောင်းအများသိစေရန်ကြေညာအပ်ပါသည်။ စုံစမ်းမေးမြန်းခြင်း သည်းခံပါ"ဆိုပြီးအဆိုတော်ဝေလရဲ့ဇနီးမသရဖီမျိုးမင်းရဲ့ ဆိုရှယ်မီဒီယာထက်မှာ ရေးသားဖော်ပြထားပါတယ်။
အဆိုတော်ဝေလနဲ့သူရဲ့ဇနီးမသရဖီ မျိုးမင်းတို့နှစ်ဦးက ကွာရှင်းပြတ်ဆဲခဲ့ ကြတာ ၂၀၂၀ခုနှစ် ဇူလိုင်လကတည်းကလို့ သိရပါတယ်။
ဒီအကြောင်းကို မသရဖီမျိုးမင်းက က ဇူလိုင်လ ၂၈ရက်မှာမှ ဖေ့စ်ဘွတ်ကနေ ကြေညာလိုက်တာ ဖြစ်ပါတယ်။
Photo- Wai La FB
အခုကိစ္စရပ်နဲ့ပတ်သက်ပြီး အဆိုတော် ဝေလကို ဖုန်းဆက်သွယ်မေးမြန်းရာမှာတော့ ယခုအခြေအနေ အ ပေါ်ဖြေကြားဖို့ အဆင်မပြေ သေးတဲ့အ ကြောင်းကို ပြောပြလာပါတယ်။
" ကျွန်တော်ကိစ္စနဲ့ ပတ်သက်ပြီး မပြောပြချင်သေးပါဘူးခင်ဗျာ။ တခြားအ ရေးကြီးတဲ့ကိစ္စတွေလည်းရှိနေတာကြောင့် ကျွန်တော့်အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ပြောပြဖို့အဆင်မပြေသေးပါဘူး" ဆိုပြီး ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောပြခဲ့ပါတယ်။
Photo- Wai La FB
အဆိုတော်ဝေလတို့ ဇနီးမောင်နှံက တော့ ဆယ်စုနှစ်တစ်စုတိုင်တိုင် အတူတူ ပေါင်းဖက်ခဲ့ကြတာဖြစ်ပြီး သားလေးတစ်ဦးကိုလည်းပိုင်ဆိုင်ထားကြတာဖြစ်ပြီး သားဖြစ်သူက တော့ အသက် ၇နှစ်အရွယ်မှာရှိနေပြီပဲ ဖြစ်ပါတယ်။
အဆိုတော်ဝေလက တော့ ထူးခြားတဲ့အသံကိုပိုင်ဆိုင်ထားသူဖြစ်ပြီး တေးသီချင်းကောင်းများစွာကိုသီဆိုထားပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်းအခိုင်အမာရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။
Photo- Wai La FB
အဆိုတော်ဝေလဟာဆိုရင် ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 'မိတ်ကပ်မကြိုက်သော သီချင်းများ' တေးသီချင်းခွေနဲ့ အောင်မြင်ကျော်ကြားလာသူဖြစ်ပါတယ်။ ဝေလဟာ အဓိပတိဖွား၊ စာရိတ္တ၊ အတုများတဲ့မြို့၊ ကုတင်အမှတ်၂၃ စတဲ့ အယ်လ်ဘမ်များ ဆက်တိုက်ထွက်ရှိခဲ့ပြီး ယနေ့ခေတ် အကျော်ကြားဆုံး အဆိုတော်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။