ပိုင်ဖြိုးသုကတော့ လန်ဒန်ကို သွားနေပါပြီ။

မီရုပ်ရှင်ဇာတ်ကားကြီးကို ASEAN Film Festival London 2019 ပွဲမှာ ပါဝင်ပြသဖို့အတွက် ပိုင်ဖြိုးသုက လန်ဒန်ကို သွားနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားကို မေလ ၂၅ ရက်နေ့ဆိုရင် လန်ဒန်မြို့မှာရှိတဲ့ Brunei Gallery Lecture Theatre မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Photo: Paing Phyo Thu

သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးတို့ဟာ ASEAN Film Festival London 2019 ပွဲမှာ ‘’မီ’’ရုပ်ရှင်ဇာတ်ကား ပြသဖို့ လန်ဒန်ကို မေလ ၂၂ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

‘’သုသုတို့ ဒီနေ့ ASEAN Film Festival London 2019, "မီ" Premiere အတွက် London ကိုထွက်လာပါပြီ။ SOAS, University of London 25 May, 2019 နေ့၊ 1 pm မှာ ဆုံကြမယ်နော်’’ ဆိုပြီးတော့ မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၁၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Paing Phyo Thu

မီ ရုပ်ရှင်ဇာတ်ကားကိုတော့ London မြို့မှာရှိတဲ့ Brunei Gallery Lecture Theatre မှာ မေလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှာ ပြသသွားမယ်လို့ သိရပါတယ်။ မီ ရုပ်ရှင်ဇာတ်ကားဟာ ဧပြီလ ၂၇ ရက်နေ့က မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ASEAN International Flim Festival 2019 ပွဲကြီးမှာလည်း Best Director Of Photography ဆုကို ဒါရိုက်တာ ဏကြီးက ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Photo: Paing Phyo Thu

ဒါရိုက်တာ ဏကြီးဟာ မီရုပ်ရှင်ဇာတ်ကားနဲ့ Star Awards ဆုပေးပွဲမှာ Best Cinematography award ဆုကို ရရှိခဲ့ဖူးပါတယ်။ မီ ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံမှာသာမက စင်ကာပူနိုင်ငံအထိပါ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စာရေးဆရာမကြီး ကြည်အေးရဲ့ နာမည်ကျော် ဝတ္ထုတွေထဲက ‘’မီ’’ ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးခဲ့တာပါ။

Photo: Paing Phyo Thu

မီ ရုပ်ရှင်ဇာတ်ကားကြီးကို  ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ ရဲအောင်၊မင်းဦး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က