မြို့တော်အတွက်စည်ပင်ပါလို့လည်း ရေးသားထားပါသေးတယ်။

ASEAN Public Toilet Award( 2019-2021) ဆုကို မန္တလေးမြို့မှာရှိတဲ့ လမ်း(၇၀) ကလမ်းဘေးသန့်စင်ခန်းက ရရှိခဲ့တယ်လို့ မန္တလေးတိုင်းမြို့တော်ဝန် ဦးရဲလွင်က သူ့ရဲ့ လူမှုကွန်ယက်ကနေ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ရေးသားထားပါတယ်။

ဓါတ်ပုံ-ဦးရဲလွင်



“ ပြည်သူတွေအတော်များများအသုံးပြုနေပါပြီ။ ပြသနာတစ်ခုကို ဖြေရှင်းပေးနိုင်တဲ့နေရာလေးပါ။ ၁၄ လမ်းထိပ် အများဆုံးသန့်စင်ခန်းကို ဖေဖော်ဝါရီလမှာ ဖွင့်ပါမယ် ” လို့သူကရေးသားထားတာပါ။

ဓါတ်ပုံ-ဦးရဲလွင်

အဆင့်မြင့် အများသုံးသန့်စင်ခန်းတွေကို ၇၄ လမ်းထပ် - ၁၂လမ်းထိပ်၊ ၂၃ လမ်း- လမ်း၈၀ ထိပ်၊ ကမ်းနားလမ်း မြို့တော်ဥယျာဉ်နေရာ၊ မဟာအောင်မြေကျောက်ဝိုင်းတွေမှာ ယခုနှစ်အတွင်းမှာတည်ဆောက်သွားမယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာလည်း အဆင့်မြင့်သန့်စင်ခန်း ၅ ခန်း ထပ်မံတည်ဆောက်ဖို့အတွက် လျာထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြို့တော်ဝန်က မြို့တော်အတွက်စည်ပင်ပါလို့လည်း ဦးရဲလွင်က ရေးသားထားပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က