မိန်းကလေး ပရိသတ်တွေအတွက် စကားလက်ဆောင်ပါးခဲ့တာပါ။

မေပန်းချီက သူမရဲ့ဘဝမှာဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေကို ဆယ်ကျော်သက်မိန်းကလေးတွေအတွက် မျှဝေခဲ့ပါတယ်။ လက်ရှိမှာလည်း ပရိသတ်တွေအတွက် အမှားအယွင်းမရှိအောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။

Photo: May Panche



မေပန်းချီက လက်ရှိမှာ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ အနုပညာအလုပ်တွေကို အသက်ငယ်ငယ်ကတည်းက လုပ်ဆောင်လာခဲ့သလို သူမဖြတ်သန်းလာတဲ့ ဘဝ အတွေ့အကြုံတွေကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ပန်းချီ အသက် ၂၀ တုန်းကဆိုရင် ကိုယ့်ကို အားပေးတဲ့သူတွေ ဒီ့ထက်ပိုများမယ်၊ ကိုယ့်ကို နေရာပေးမယ့်လူတွေ၊ အခွင့်အရေးသည် ၁၀ ခုလောက်ရှိရင် ရှိမယ်။ ဒါပေမယ့် အသက်ကြီးလာလေ အခွင့်အရေးသည် နည်းနည်းလာလေပဲ။ မိန်းကလေးတွေကို ပြောချင်တာက အသက်အရွယ်ရှိတုန်း ကြိုးစားပါ။ အချစ်နဲ့ အချိန်ကုန်မနေပါနဲ့လို့ပြောချင်ပါတယ်’’ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့က ‘’ညစ်တွန်း’’ရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: May Panche

လက်ရှိမှာလည်း သူမရဲ့ အချစ်ရေးက တည်ငြိမ်နေတာ တွေ့ရပါတယ်။ မေပန်းချီက ဂျင်းဖက်ရှင်ဆိုင် ဖွင့်ထားတဲ့သူပါ။ သူမရဲ့ မိသားစုအတွက် ကြိုးစားနေသူပါ။ ဒါကြောင့် Surprise တိုက်မယ့် သူတောင် မရှိလောက်အောင်ပါပဲတဲ့။

‘’အဲဒီ Surprise တွေကလည်း ဘယ်က ဘယ်လိုမှန်းတောင် မသိပါဘူး။ အခုဆိုရင် I phone အသစ်တွေလည်း ပေါ်နေပါပြီ Surprise တိုက်တဲ့လူလည်း တစ်ယောက်မှ မရှိပါဘူး။ လူဆိုတာကလေ အသက်အရွယ်တစ်ခု ရလာလေ အခွင့်အရေးနည်းသွားတာလေးတွေရှိတယ်။ အဲဒါကြောင့် မိဘတွေက အချိန်ရှိတုန်း ကြိုးစားထားဆိုတဲ့ စကားက လွယ်လွယ်နဲ့ ပြောထားတာ မဟုတ်ဘူး’’ လို့ သူကဆိုပါတယ်။

Photo: May Panche

မေပန်းချီက လက်ရှိပိုင်ဆိုင်ထားတဲ့ ပရိသတ်တွေအတွက် အမှားအယွင်းမလုပ်မိအောင် နေထိုင်သွားမယ်လို့ ဆိုပါတယ်။

‘’ပရိသတ်တွေက အမှားအယွင်းမခံတော့ဘူး။ အမှားတွေ အရမ်းလုပ်ပြီးတော့ ပရဟိတလုပ်လိုက်ရင် ပြန်လက်ခံလာတဲ့ ပရိသတ်တွေရှိသလို၊ ဘာပဲလုပ်ပြ လုပ်ပြ ကိုယ်အမှားလုပ်ထားပြီးသွားလို့ရှိရင် အဲ့ဒီအမှားကို ဖုံးဖို့ ပရဟိတလုပ်လည်း လက်မခံတော့တဲ့ပရိသတ်တွေရှိတယ်။ ၂ မျိုးပေါ့နော်။ အဲဒါကြောင့် ကိုယ်တိုင်လည်း အမှားနည်းအောင်နေတယ်။ မျက်မုန်းမကျိုးအောင်၊ ချစ်အောင်ခင်အောင်နေတာပေါ့နော်။ ဒါပေမယ့် ပရိသတ်အားပေးမှုကတော့ နည်းသေးတာပေါ့နော်’’ လို့လည်း သူကဆိုပါတယ်။

Photo: May Panche

မေပန်းချီဟာ အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းမှာသာမက ပွဲတွေ တော်တော်များများမှာ သီချင်းဆိုုဖြစ်နေတာလည်း တွေ့ရပါတယ်။ အဲ့ဒီ နောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခဏ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ Kate Amazing Jean Shop ဆိုတဲ့ Fashion ဆိုင်လေးကိုပါ ဦးစီးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ သရုပ်ဆောင်အလုပ်သာမက ဂီတအပိုင်းကိုလည်း ခြေလှမ်း စတင်ချင်တာကြောင့် ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဒီသီချင်းလေးတွေကို ပရိသတ်တွေဆီတင်ဆက်နိုင်ဖို့ ကြိုးစားဦးမယ်လို့ အင်တာဗျူး တချို့မှာ ဖြေဆိုဖူးပါတယ်။ ယခု နောက်ပိုင်းမှာ အနုပညာပိုင်းသာမက ပရဟိတ အလုပ်လေး တွေကိုပါ အချိန်ရရင် ရသလို လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က