တကယ်တော့ သူငယ်ချင်းတွေအပေါ် စိတ်ရင်းနဲ့ ပေါင်းတာများပါတယ်။

နေလင်းကျော်ဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် ရှုပ်ပွေတယ်လို့ အပြောခံရတာ ခဏခဏပါပဲတဲ့။ အခုလည်း ချစ်သူနဲ့ ပြတ်သွားတဲ့ အခြေအနေတစ်ခုဖြစ်နေတယ်လို့ဆိုပါတယ်။ 

Photo: Nay Lin Kyaw



နေလင်းကျော်က ဇာဇာထက်နဲ့ အချစ်ရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ အဆက်အသွယ်မရှိတော့တဲ့ အခြေအနေပါလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

“အခုချိန်မှာ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ လွဲနေကြတယ်။ အခုချိန်မှာ အဆက်အသွယ်လည်း မလုပ်ကြဘူး။ ပြတ်သွားတဲ့အခြေအနေလေးပါပဲ။ တစ်ယောက်နဲ့တစ်ယောက်လည်း အားပေးစကားတွေပြောခဲ့ပါတယ်။ နင်လည်း ဒါတွေမလုပ်နဲ့ ငါလည်း ဒါတွေ မလုပ်ဘူးပေါ့ ဒီလောက်ပါပဲ။ အရင်လို တပူးပူးတတွဲတွဲတော့ မရှိတော့သလို အတူတူသွားလာလှုပ်ရှားမှုတွေလည်း မရှိကြတော့ဘူး” လို့ သူကဆိုပါတယ်။


နေလင်းကျော်ဟာ သူအရမ်းခင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေ အပေါ်မှာတော့ စိတ်ရင်းနဲ့ ခင်မင်ပေါင်းသင်းတတ်တဲ့သူတစ်ယောက်ပါတဲ့။ ဒီလို ရင်းနှီးလို့လည်း အချစ်ရေးနဲ့ ပတ်သက်လာရင် ရှုပ်ပွေတယ်လို့ အပြောခံရတယ်လို့ သူကပြောပါတယ်။

“ ရှု့ပ်တယ်လို့ ပြောတာတော့ ခဏခဏခံရတယ်။ ကိုယ်နဲ့ စိတ်ထပ်တူကျတဲ့ သူငယ်ချင်းမျိုး၊ မောင်နှမမျိုးဆိုရင်တော့ စိတ်ရင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ရင်းရင်းနှီးနှီးပေါင်းတယ်။ အားလုံးနဲ့ ချစ်ချစ်ခင်ခင်နေတတ်တာက ကျွန်တော့်ရဲ့ Type ပေါ့နော်။ အမုန်းတော့ မလိုချင်ဘူး။ အမုန်းပွားရင်လည်း ဘာမှ အဆင်မပြေဘူးလေ။ ဒါကြောင့် ချစ်ချစ်ခင်ခင်နေတာက ကျွန်တော့်ဘဝအတွက် အကောင်းဆုံးပါပဲ” ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့က စတုဒီသာအလှူမှာ ဖြေဆိုခဲ့တာပါ။

Photo: Nay Lin Kyaw

သူဟာ မိသားစုမှာ အငယ်ဆုံး သားဖြစ်တာကြောင့်လည်း အားလုံးက ချစ်ကြတယ်လို့ နေလင်းကျော်က ပြောပါတယ်။ လူချစ်လူခင်ပေါအောင် နေတတ်တယ်လို့လည်းဆိုပါတယ်။

“ ကျွန်တော်က အိမ်မှာ အငယ်ဆုံးဆိုတော့ မောင်နှမတွေကလည်း ချစ်ကြတယ်။ ဘုရားကျောင်းက လူတွေကလည်း ချစ်ကြသလို ရပ်ကွက်ထဲက လူတွေကလည်း ကျွန်တော့်ကို ချစ်ကြပါတယ်။ သူတို့ ချစ်တဲ့ အချစ်တွေကိုလည်း ခံစားမိတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း သူများတွေကို အရမ်းချစ်တတ်ပါတယ်။ ကိုယ်ကလည်း ချစ်တယ်၊ ကိုယ့်ကို ချစ်တာလည်း ခံချင်တယ်။ ကျွန်တော့်စိတ်က အဲဒီလိုမျိုး” ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။ 

Photo: Nay Lin Kyaw

နေလင်းကျော်ကိုတော့ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဒီ သီချင်းဆိုပြိုင်ပွဲမှာတော့ Top-10 အထိ ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ Top-10 ( 3rd Week )Result Show မှာတော့ သူဟာ နှုတ်ဆက်ထွက်ခွာခဲ့ရသူ တစ်ယောက်ပါ။ နေလင်းကျော်ရဲ့ Voting နံပါတ်ကတော့ 77709 ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က