မေမီကိုကို ကတော့ သူ့ရဲ့ နှလုံးသားရေးရာမှာ ကိုကြီးဖြစ်စေ၊ မောင်လေးဖြစ်စေ သတ်မှတ်ထားတာ မရှိပါဘူးတဲ့။သူလိုချင်တဲ့ ချစ်သူ ပုံစံလေးကိုလည်း ပြောပြလာပါတယ်။
Photo: May Mi Ko Ko
မြိုင် ဆိုပြီးတော့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ မေမီကိုကို က သူမရဲ့နှလုံးသားကို ဖမ်းစားနိုင်မယ့် ကောင်လေးတစ်ယောက်ပုံစံကို ဖွင့်ဟလာပါတယ်။ စိတ်ကစားမိတာကတော့ အကုန်လုံးကို သဘောကျတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။
‘’ မေမီ စဉ်းစားထားတဲ့ အချစ်ရေးကတော့ ဆင်းရဲတာ၊ ချမ်းသာတာ မရှိဘူး။ ကိုယ်ချစ်ဖို့ထက် သူချစ်ဖို့က ပိုအဓိက ကျပါတယ်။ မောင်လေးတွေဆိုရင်လည်း အရမ်းရင့်ကျက်တယ်၊ တချို့ ကိုကြီးတွေကလည်း ကလေးတွေလိုပဲ။ အကုန်လုံးကတော့ ချစ်စရာလေးတွေပါပဲ။ သဘောကျပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့က ‘’Player’’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာဖြေဆိုခဲ့တာပါ။
Photo: May Mi Ko Ko
လက်ရှိမှာတော့ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေ၊ ကိုယ့်ထက် အသက်ငယ်တဲ့ ကောင်လေးတွေကို ရွေးချယ်နေတုန်းပါပဲတဲ့။ ကိုကြီးပဲ ဖြစ်ဖြစ် မောင်လေးပဲ ဖြစ်ဖြစ် သူ့အချစ်ရေးက အဆင်ပြေတယ်လို့ လည်း မေမီကိုကိုက ပြောပြခဲ့ပြန်ပါသေးတယ်။
‘’ကိုကြီးတွေ၊ မောင်လေးတွေလို့တော့ တွေးမထားဘူး။ ဒါပေမယ့် Caption ကတော့ ဖေ့စ်ဘွတ်မှာ ရေးတာတွေက အလန်းပဲ မသိရင်ပဲ ဈေးဗန်းခင်းသလိုပေါ့နော်။ ခေတ်စားတာပေါ့ အခုက ကိုကြီးရဲ့ ညီမလေးတို့၊ မမရဲ့ မောင်လေးတို့လိုပေါ့။ ကိုယ်ကတော့ သတ်မှတ်ထားတာမျိုးမရှိပါဘူး ကိုကြီးပဲဖြစ်ဖြစ်၊ မောင်လေးပဲ ဖြစ်ဖြစ်၊ ဦးပဲဖြစ်ဖြစ်ပေါ့’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။
Photo: May Mi Ko Ko
မေမီကိုကိုဟာ သူကိုယ်တိုင်ရွေးချယ်ရမယ့် ချစ်သူပုံစံကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြန်ပါသေးတယ်။
‘’ကိုယ်တိုင် ရွေးချယ်လာရမယ်ဆိုရင်တော့ ကိုယ့်မျက်လုံးထဲမှာ ကြည့်ကောင်းတယ်လို့ မြင်တဲ့သူပေါ့နော်။ သူများအတွက် လှတာတွေ၊ မလှတာတွေ မလိုဘူး။ ကိုယ်ရွေးချယ်မယ့်သူက ကိုယ်ကြည့်ကောင်းဖို့ပဲ တွေးတယ်။ ကိုယ်တိုင် သဘောကျတဲ့ ပုံစံလည်း တွေ့ခဲ့ဖူးပါတယ်။ Crush မိခဲ့တယ်ပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: May Mi Ko Ko
မေမီကိုကို ကိုတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲက မင်းသမီးလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူမကိုတော့ ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲ နဲ့Star Awards ဆုတွေထဲက အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိထားသူပါ။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။သူမဟာ မကြာခင်ရိုက်ကူးမယ့် Player ရုပ်ရှင်ဇာတ်ကားမှာ ထွန်းထွန်းနဲ့ အိမ်က သဘောတူထားတဲ့ ကောင်မလေးနေရာက ပါဝင်ရမှာ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်လို့ သူမအနေနဲ့ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်တာကြောင့်ပရိသတ်တွေလည်း အားပေးဖို့အတွက် တောင်းဆိုထားပါသေးတယ်။