အသက်အရွယ်အရ မစဉ်းစားတော့ပါဘူး။

ဟက်ကက်ကတော့ အခုချိန်ထိ အချစ်ရေးအကြောင်းတွေ မစဉ်းစားသေးတဲ့ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ပါတယ်။ သူဟာ တစ်ချိန်တုန်းက မိန်းကလေးပရိသတ်တွေရဲ့ အသည်းအသန်အားပေးခြင်းခံခဲ့ရဖူးတဲ့ မင်းသားတစ်ယောက်ပါ။

Photo: saw hackett



တစ်ချိန်တုန်းက ကောင်မလေးတွေရဲ့ အသည်းစွဲမင်းသားတစ်ယောက်ဖြစ်ခဲ့တဲ့ အဆိုတော် ဟက်ကက်ရဲ့ အချစ်ရေးကိုတော် စိတ်ဝင်စားကြမှာပါ။ သူ့ရဲ့ အနုပညာမောင်နှမတွေလည်းဖြစ်၊ သူငယ်ချင်းတွေလည်းဖြစ်တဲ့ သက်မွန်မြင့်တို့ မိသားစုကိုတော့ အားကျမိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သူတို့က အရမ်းသတ္တိရှိတော့ သူတို့ သတ္တိရှိလို့ သူတို့ဖြတ်တာဆိုတော့ ကျွန်တော်က လက်ခုပ်တီးတယ်။ ကျွန်တော့်အတွက်လည်း သူတို့ လက်ခုပ်တီးဖို့ Ready တော့ ဖြစ်နေလောက်ပါပြီ။ ကျွန်တော် သူတို့လို သတ္တိမရှိသေးတော့ ဒီအတိုင်းပဲ နေလိုက်ပါဦးမယ်’’ လို့ သူကဆိုပါတယ်။

Photo: saw hackett

သူဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလဟလ သဘောမျိုးတောင် သတင်း မထွက်တဲ့ အဆိုတော် တစ်ယောက်ပါ။ သူကိုယ်တိုင် ခံယူထားတဲ့ အချစ်ရေး အကြောင်းတွေကိုလည်း ပြောပြလာပါသေးတယ်။

‘’ ကျွန်တော်ထင်တာကတော့ အချစ်က သေတောင် သေသွားပြီထင်တယ်။ ကြာပြီထင်ပါတယ်။ ကျွန်တော့်အသက်လည်း တော်တော် ဘက်နေပါပြီ။ အချစ်အကြောင်းတွေ ဘာတွေတော့ ဘာမှ မလုပ်တော့ပါဘူး။’’ ဆိုပြီးတော့ သြဂုတ်လ ၂၁ ရက်နေ့ညက ဘောလုံးလေ့ကျင့်ရေးကွင်းမှာ ဖြေဆိုခဲ့တာပါ။

Photo: saw hackett

ဟက်ကက်ကိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး သီချင်းတွေလည်း ဆိုခဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို မတွေ့ရတာတော့ နှစ်တွေ တော်တော်ကြာခဲ့ပြီလို့ ဆိုပါတယ်။

‘’အမှန်တော့ ကျွန်တော် ဘယ်ဘက်မှကို မလုပ်ဖြစ်တော့တာ တော်တော်ကြာပါပြီ။ သီချင်းဆိုတာကတော့ ကျွန်တော်တို့ကို အများကြီးနူးညံ့မှုတွေပေးတယ်။ အများကြီး နှစ်သိမ့်မှုတွေပေးတယ်၊ အများကြီး လန်းဆန်းတက်ကြွမှုတွေ ပေးတယ်။ သီချင်းကလည်း ဂစ်တာလေးနဲ့လုပ်လို့ရတဲ့ဟာလေး ဖြစ်နေတော့ လုပ်ဖြစ်နေတာပေါ့နော်’’ လို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: saw hackett

ဟက်ကက်(Hackett)ကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်အပိုင်းနဲ့ ဂီတအပိုင်းတွေမှာလည်း အနုပညာလှုပ်ရှားမှု များစွာရှိခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ ဆွဲဆောင်မှုတွေကတော့ ဆံပင်ရှည်ရှည်၊ ဆံပင်အလယ်ခွဲလေးနဲ့ အတူ အကြည့်စူးစူးလေးတွေက မိန်းကလေး ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ခဲ့တဲ့ အရာတွေပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က