ရည်းစားစကား လာပြောတာတော့ ရှိတယ်တဲ့။

ပရိသတ်တွေရဲ့ အားပေးမှုရရှိလာတဲ့ ဖြူဖြူထွေးက ချစ်သူများနေ့ကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်းဖြစ်မလဲဆိုတာ ပြောပြထားတာပါ။

Photo : ဖြူဖြူထွေး



ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့ ဖြူဖြူထွေးရဲ့ လက်ရှိအချစ်ရေးကတော့ တစ်ယောက်တည်းလို့ ဆိုပါတယ်။ ရည်းစားစကားလာပြောတဲ့သူတွေ ရှိပေမယ့်လည်း ချစ်သူများနေ့မှာ ကိုယ့်ဘာသာကိုယ့် ချောကလက်ဝယ်စားရမယ့် အခြေအနေရှိနေတယ်လို့ သူမက ဆိုပါတယ်။

“ရည်းစားစကား လာပြောတဲ့သူကတော့ ရှိတယ်။ ဒါပေမဲ့ တကယ်ကြိုက်တာမှ မဟုတ်တာ။ ဖေ့စ်ဘွတ်ပေါ်မှာ ချစ်တယ်ဆိုတာကကျတော့ ကိုယ့်ရဲ့သရုပ်ဆောင်မှုလေးတွေ ဘာလေးတွေ ကြိုက်တာနေမှာပါ။ ချစ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ လောလောဆယ်တော့ တစ်ယောက်တည်းပါပဲ။ ချစ်သူများနေ့မှာ ချောကလက်စားဖို့ကတော့ ကိုယ့်ဘာသာကိုယ့်ပဲ ဝယ်စားရမယ့်ကိန်းပါ“ လို့သူမက ဆိုပါတယ်။

Photo : ဖြူဖြူထွေး

အတွဲတွေက အရမ်းတွေ Ro ကျပေမယ့် သူမမှာတော့ Ro စရာ သစ်ပင်တွေပဲ ရှိတယ်လိုု့ ဆိုပါတယ်။

“အတွဲတွေက အရမ်းကို Ro နေတာ။ ရပြီးသားသူတွေလည်း အရမ်းကို Ro နေတော့ ကိုယ်တွေတောင် ဘယ်သွားနေရမှန်းတောင်မသိဘူး။ ကိုယ်တွေမှာ Ro စရာဆိုလို့ ပန်းတွေ သစ်ပင်တွေ ကိုယ့်မိသားစုတွေပဲ ရှိတယ်။ ဘာပဲ ဖြစ်ဖြစ် ဘဝက သူ့ဘာသာသူ အချိန်တန်ရင် ဖြစ်သွားလိမ့်မယ်” လို့ သူမက ဆက်လက်ဖြေဆိုပေးထားပါတယ်။

Photo : ဖြူဖြူထွေး

အခုဆိုရင်တော့ ဖြူဖြူထွေးက ဗီဒီယိုဇာတ်ကားတွေ၊ ပညာပေးဇာတ်လမ်းတိုလေးတွေ ရိုက်ကူးရင်း အနုပညာကြေးတွေလည်း ရရှိနေပြီလို့ ဆိုပါတယ်။ ရလာတဲ့ အနုပညာကြေးကို စုဆောင်းပြီး မိသားစုကို တိုက်ဆောက်ပေးနိုင်ပြီလို့ ဆက်လက်ပြောပြလာပါတယ်။

‘’ဗီဒီယိုဇာတ်ကားတွေ၊ Short Film လေးတွေဆိုရင်လည်း ပိုက်ဆံပေးတာများတယ်။ ကြော်ငြာဆိုရင်လည်း Brand ကြီးရင် ကြီးသလို ကြော်ငြာခတော့ ပေးရတာပေါ့။ အနုပညာကြေးကတော့ မတက်ပါဘူး။ အနုပညာရှင်တွေထဲမှာ ဈေးအချိုဆုံးပါ။ သူ့ဘက်ကိုယ့်ဘက် သင့်တင့်မျှတအောင်လုပ်ပေးတယ်။ အဲဒါကြောင့်လည်း ပွဲတွေပျက်သွားတယ်လို့မရှိဘူး။ အဲဒီတော့ ပိုက်ဆံစုပြီး အိမ်ကိုတိုက်ဆောက်ပေးနိုင်တယ်၊ ဒါလေးပါပဲ’’ လို့ဖြေဆိုခဲ့ပါတယ်။

Photo : ဖြူဖြူထွေး

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေး(Phyu Phyu Htwe)ဟာ ယခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က