သူမလည်း ကံကောင်းသူဖြစ်ချင်ပါတယ်တဲ့။

ရွှေသမီးဟာ သူမရဲ့ ဖူးစာရှင်ကတော့ ကံတရားအတိုင်းပါပဲလို့ ဆိုပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း နားလည်ပေးဖို့ ခက်ခဲနိုင်တယ်လို့ သူကပြောပါတယ်။

Photo: Shwe Thamee



အနေလည်းအေး၊ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေသမီးက သူ့ရဲ့ အချစ်ရေးကို ကံကောင်းချင်တယ်လို့ဆိုပါတယ်။ ဒီ့အတွက် သူမရဲ့ ကံတရားအတိုင်းပါပဲ ဆိုပြီးတော့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ မိန်းကလေးဆိုတော့ ဘယ်သူမဆို အချစ်ရေးမှာ ကံကောင်းချင်တာပေါ့။ ဒါပေမယ့် ကံတရားကြီးက ဘယ်လိုလာမလဲ မသိဘူး။ ဖူးစာက ဘယ်လို လာဦးမလဲ မသိဘူး။ အရင်ဘဝက ဝဋ်ကျွေးတွေပါရင်လည်း စတွေ့တုန်းကတော့ ကောင်းပြီး နောက်ကျမှ မကောင်းတဲ့သူတွေနဲ့လည်း တွေ့ရင် တွေ့နိုင်တာပဲ။ အဲဒီတော့ ဘာကိုမှ ကြိုတင်တွေးထားလို့ မရပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Shwe Thamee

သရုပ်ဆောင်အလုပ်ကို လုပ်နေရတဲ့အချိန်မှာ ဘာကိုမှ မသိတော့တာက အနုပညာအလုပ်လုပ်နေ တဲ့သူတွေပါပဲလို့ ရွှေသမီးက ပြောပါတယ်။

‘’အနုုပညာရှင်တွေက ဇာတ်ကားရိုက်ပြီဆိုရင် တကယ်ကို ဟဲဗီးဒရာမာလုပ်ရမယ့် ဇာတ်ကားတွေဆိုရင် အကုန်လုံးကို မေ့ထားကြရတာ။ ရိုက်ကွင်းပေါ်ရောက်ပြီဆိုရင် အကုန်လုံးက အဲဒီစိတ်တွေနဲ့ လာကြတာဆိုတော့ စကားပြောရင်တောင်မှ အော်..အေးအေး.. တစ်ခွန်း နှစ်ခွန်းပဲ ပြောကြတယ်။ ကာရိုက်တာထဲက စိတ်တွေနဲ့ပဲပေါ့နော်။ တကယ်တမ်း ဇာတ်ကားရိုက်ပြီဆိုရင်လည်း ဘာမှ မသိတော့ဘူး။’’ ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့က ခရီးသွားကောက်ကြောင်း အစီအစဉ် ၇ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Shwe Thamee

ဒါကြောင့် အနုပညာသမားကို နားလည်ပေးနိုင်တဲ့ အိမ်ထောင်ဖက်ကောင်းတွေလည်း အများကြီးရှိပါတယ်လို့ ရွှေသမီးက ပြောပါတယ်။ ဒါကလည်း သူမရဲ့ အနုပညာလောက အသိုင်းအဝိုင်းထဲမှာပဲ တွေ့မြင်နေရတာပါတဲ့။

‘’ ဒီကာရိုက်တာကို လုပ်ဖို့အတွက်ပဲ စိတ်က ရှိနေတာ အနောက်မှာ ဘာတွေဖြစ်နေသလဲ လည်း မသိတော့ဘူး။ ဘာမှလည်း သတိမရတော့ဘူး။ အဲဒီတော့ မိသားစုကို အချိန်ပေးနိုင်တာ မပေးနိုင်တာတွေ များလာတာပေါ့နော်။ အဲဒါတွေကို နားလည်ပြီးတော့ ချစ်ပေးကြတယ်၊ ပံ့ပိုးပေးကြတယ်။ အဲဒီလို လူတွေလည်း အနုပညာလောကမှာ အများကြီးရှိတယ်’’လို့ သူကဆိုပါတယ်။

Photo: Shwe Thamee

ရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများ ကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ် ကား ကြီး တွေလည်း အများကြီးပါ။ မကြာခင်မှာလည်း ကယားပြည်နယ်မှာ ခရီးသွားကောက်ကြောင်း ၇ အတွက် သွားရောက်ရိုက်ကူးဖြစ်မယ်လို့ သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က