တောင်ကိုရီးယားမှာ ကျင်းပတဲ့ Asia Model Award ဆုပေးပွဲ အခမ်းအနားမှာ ဝတ်မှုံရွှေရည်က Asia special Award ဆုကိုချီးမြှင့်ခြင်းခံခဲ့ရတာပါ။ ကိုရီးယားနိုင်ငံရဲ့ စင်မြင့်ထက်ကနေ မြန်မာနိုင်ငံမှာရှိတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။
ဇွန်လ(၉)ရက်နေ့က တောင်ကိုရီယားနိုင်ငံ Seoul မြို့ Olympic Hall တွင် ပြုလုပ်တဲ့ Asia Model Award ဆုပေးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံက ထိပ်တန်း မင်းသမီးလေးဝတ်မှုံရွှေရည်က ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကို Asia Special Award ဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဆုရရှိခဲ့တဲ့ အတွက်လည်းဝတ်မှုံရွှေရည် တစ်ယောက် အရမ်းပျော်ရွှင်ခဲ့ရပြီး မြန်မာနိုင်ငံမှာရှိတဲ့ သူမရဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူူးတင်ကြောင်း ပြောသွားပါသေးတယ်။
" မြန်မာနိုင်ငံမှာရှိတဲ့ ကစ်ရဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီကိုဒီနေရာကနေ လေးလေးနက်နက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ဒီထက်လည်းအများကြီး ပိုကြိုးစားသွားပါမယ်လို့ပြောချင်ပါတယ်"ဆိုပြီး ကိုရီးယားနိုင်ငံ စင်မြင့်ထက်ကနေ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောပြသွားခဲ့တာဖြစ်ပါတယ်။
Asia Model Award ဆုပေးပွဲကြီးဟာ နှစ်စဉ်နှစ်တိုင်း ကိုရီးယားနိုင်ငံမှာ ကျင်းပလေ့ရှိပြီး အာရှမှာအောင်မြင်သူများကိုရွေးချယ်ပြီး ဆုပေးအပ်တဲ့ ပွဲကြီးလည်းဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။
ဝတ်မှုန်ရွှေရည် (Wutt Mhone Shwe Yi) ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်"ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီးအဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိအောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။