ပရိသတ်တွေကြားထဲမှာ အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး Asian Academy Creative Awards 2019 မှာ ' Animated Music Video က Regional Winner အဖြစ် ဆုရရှိခဲ့ပါပြီ။
Frenzo အဖွဲ့သားတွေ သီဆိုထားတဲ့ “င့ါရည်းစားကပိုမိုက်တယ်” Animated Music Video ကတော့ Asian Academy Creative Awards 2019 မှာ Regional Winner ဆုရခဲ့တာ ဖြစ်ပါတယ်။အဲဒီသီချင်းကို Pencell Studio က ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 'င့ါရည်းစားက ပိုမိုက်တယ်' သီချင်းကို Frenzo အဖွဲ့ဝင်တွေ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ Snare ၊ G Fatt ၊ ကိကိ၊ ဂျွန်တို့က သီဆိုထားတာ ဖြစ်ပါတယ်။
စိုင်းစိုင်းကလည်း ဒီသီချင်းလေး ဆုရခဲ့တဲ့အတွက် ပရိသတ်တွေ ဝမ်းသာနိုင်အောင် သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို ပြောပြထားပါသေးတယ်။
“ငါ့ရည်းစားကပိုမိုက်တယ် သီချင်းဗီဒီယိုAsian Academy Creative Award ဆုရရှိခဲ့ပါတယ်” ဆိုပြီး အောက်တိုဘာ(၂၀) ရက်နေ့က ရေးသားထားတာပါ။
Photo : Aye Zaw Moe
အဲဒီသီချင်းကို Animation အမိုက်စားတွေနဲ့ အချိန် ၇ လကြာအောင် ကြိုးစားပုံဖော်ခဲ့ရတယ်လို့ Frenzo အဖွဲ့သားတွေက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူများတွေနဲ့မတူ ကွဲပြားခြားနားစွာ ထွက်ရှိခဲ့တဲ့ '‘င့ါရည်းစားကပိုမိုက်တယ်’ music video ကတော့ ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
photo : စိုင်းစိုင်း
Asian Academy Creative Award ဆုပေးပွဲဟာ နှစ်စဉ်နှစ်တိုင်း စင်ကာပူနိုင်ငံမှာ ပြုလုပ်လေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသမှ တစ်နှစ်တာအတွင်း ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရွေးချယ်ပြီး အကောင်းဆုံး အနုပညာဆောင်ရွက်ချက်များအတွက် ဆုရွေးချယ်ချီးမြှင့်လျက်ရှိတဲ့ ဆုပေးပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။