ရာသီမကုန်မီ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ဖို့ရှိနေခဲ့တာပါ။

ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်မှာပဲ ဆက်ပြီးကစားလိုနေခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင်ဂရယ်လ စ်ချ်ကို ဘာစီလိုနာ၊ ရီးရဲလ်တို့ထက် နှာတဖျားအသာရယူပြီး ခေါ်ယူနိုင်ဖို့ရှိနေတယ်လို့ thesun ကအ ခိုင်အမာဖော်ပြလာခဲ့ပါတယ်။

တန်းတက်အက်စတွန်ဗီလာအသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်မှုများကြောင့် အင်္ဂလန်လက်ရွေးစင်အ သင်းတွင် တစ်ကျော့ပြန်ရွေးချယ်ခံရဖို့အခြေအနေအကောင်းဆုံးရှိနေသူဖြစ်ပြီး ဘာစီလိုနာ၊ ရီးရဲလ်တို့ လိုဥရောပထိပ်သီးအသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကိုခံနေရသူလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ ကာယကံရှင်ဖြစ်သူ ဂရယ်လစ်ချ်အနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြို င်မယ့် နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပါဝင်ခွင့်ရရှိရေးအတွက် ပရီးမီးယား လိဂ်မှာသာ ဆက်လက်ကစားလိုနေတာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ တရားဝင်ကမ်းလှမ်းမှုသာပြုလုပ် ခဲ့ပါက အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ရှိနေခဲ့တာပါ။

အပြောင်းအရွှေ့သတင်းဖော်ပြမှုတွေကို ဂရယ်လစ်ချ်က အရိပ်အမြွတ်ပြောဆိုမှုအချို့သာပြုလုပ်ခဲ့ပေ မယ့် အက်စတွန်ဗီလာအသင်းကတော့ သူတို့ရဲ့အသင်းခေါင်းဆောင်အတွက် အနည်းဆုံးပြောင်းရွှေ့ ကြေးပေါင်သန်း ၆ဝအလိုရှိနေတယ်လို့ အတည်ပြုသတင်းထုတ်ပြန်လိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ အနာဂတ်ကာလတွင် အသင်းရဲ့ကွင်းလယ်၊ တိုက်စစ်နေရာအတွ က် ဂရစ်လစ်ချ်ကို ခေါ်ယူလိုနေတာဖြစ်ပြီး အသင်းပြောင်းရွှေ့နို်င်ချေရှိနေတဲ့ ပြင်သစ်ကွင်းလယ်ကစား သမားပေါ့ဘာရဲ့နေရာမှာ အစားထိုးလိုနေတာလည်းဖြစ်ပါတယ်။

Share

က္က