ဒေါ့မွန်ကနေ ၂၀၁၈တုန်းက ‌ပေါင် သန်း ၅၀နဲ့ ‌ပြောင်းလာသူပါ။

ဘာစီလိုနာက ပေါင်သန်း ၅၀ ပေးချေဖို့ ဆန္ဒမရှိပဲ ပိုမိုနည်းတဲ့ တန်ကြေးတစ်ခုသတ်မှတ်ပေးတာကို အာဆင်နယ်လက်မခံရင် နောက်၁၂လအကြာမှာ အလွတ်ထွက်ခွာခွင့်ပြုရမှာပါ။

အာဆင်နယ်အသင်းက သူတို့အသင်းရဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို ပေါင် သန်း ၅၀ တန်ကြေး သတ်မှတ် လိုက်ပြီလို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။



အသက် ၃၀ အရွယ် တိုက်စစ်မှူးကတော့ ၂၀၁၈ ခုနှစ်တုန်းက အာဆင်နယ်အသင်းကို ဒေါ့မွန်အသင်းကနေ ပေါင် ၅၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး စံချိန်တင် ပြောင်းရွှေ့ကြေး ရှိခဲ့သူပါ။


လက်ရှိမှာအသင်းအတွက် ပြိုင်ပွဲစုံ ၉၇ ပွဲကစားပေးအပြီး ဂိုး‌ပေါင်း ၆၁ဂိုးအထိသွင်းယူပေးထားနိုင်သူလည်း ဖြစ်ပါ တယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်နေရာမှာ အစားထိုးဖို့ အူဘာ မီယန်းကို ဘာစီလိုနာက စိတ်ဝင်စားလာရာမှာတော့ အူဘာမီယန်းက အာဆင်နယ်အသင်းကို စာချုပ်သက်တမ်း တိုးဖို့ စိတ်မပါတော့တာ ဖြစ်ပါတယ်။

မူလက အာဆင်နယ်အသင်းက အူဘာမီယန်းကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပမေယ့်လည်း အူဘာမီယန်းက မည်သည့် ကမ်းလှမ်းမှုမှ လက်မခံတဲ့ အနေအထားရှိတာကြောင့် အာဆင်နယ်အသင်းကလည်း လက်လွှတ်ဖို့ ဆောင်ရွက်လာတာပါ။

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိမှာလည်း လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခက်ခဲနေပြီ ဖြစ်တာကြောင့် အူဘာမီယန်းကို ဆက်လက် ဆွဲခေါ်ထားနိုင်ဖို့ ခက်ခဲနေပြီလည်း ဖြစ်တာကြောင့် အခုလို စျေး သတ်မှတ်လိုက်တာ ပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်သတ်မှတ်တဲ့ စျေးနှုန်းအပေါ်ကို ဘာစီလိုနာအသင်းက အပြည့်အဝ မပေးချေလိုပဲ ပိုမိုနည်းတဲ့ စျေးတစ်ခုသာာ ပေးချင်နေတယ်လို့လည်းသိရပါတယ်။

ဘာစီလိုနာပေးချေမယ့် တန်ကြေးကို မသိရသေးပေမယ့် အာဆင်နယ်အသင်းအနေနဲ့ လက်မခံပါက နောက်၁၂လအကြာမှာ အလွတ်ထွက်ခွာခွင့်ပြုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က