ပွဲအပြီးမှာ ပရိသတ်တွေကို အသင်းခေါင်းဆောင်သစ် မက်ဆီက ပြောခဲ့တာ ဖြစ်ပါတယ်။

အင်နီယေစတာ ထွက်ခွာသွားပြီးနောက် ဘာစီလိုနာအသင်းကို မက်ဆီက အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ကစားတော့မှာ ဖြစ်ပါတယ်။



 

အသင်းခေါင်းဆောင် အင်နီယေစတာ ထွက်ခွာသွားခဲ့ပြီးတဲ့နောက် မက်ဆီက အသင်းခေါင်းဆောင် အဖြစ် ဘာစီလိုနာအသင်းကို ဦးဆောင် ကစားသွားတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာပဲ (၆)ကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့ ယိုအန်ဂမ်ပါဖလားပွဲ 

လက်ရှိမှာတော့ မက်ဆီက အသင်းအောင်မြင်မှုရရှိရေး အတွက် အကောင်းဆုံး ကြိုးပမ်းသွားမှာဖြစ်ပြီး ချန်ပီယံလိဂ် ဆုဖလားကြီးကို နူးကမ်းကွင်းကို ပြန်ခေါ်လာနိုင်ဖို့က အဓိက အရေးကြီးတဲ့ အချက်လို့ ဆိုခဲ့ပါတယ်။

 

ဒီစကားကိုတော့ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ယိုအမ်ဂါဘာ ဖလား ပြိုင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် စတင် တာဝန်ယူ ကစားခဲ့တဲ့ မက်ဆီက ပရိသတ်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

" ဒီနှစ်ကို အမှတ်ရပါ။ဒီနှစ်မှာ ကျွန်တော်တို့ လူသစ်ခေါ်ယူမှုတွေကနေ အသင်းကို အကောင်းဆုံး ကူညီပေးနိုင်မှာပါ။မနှစ်က ဆိုရင်လည်း လာလီဂါနဲ့ ကိုပါဒယ်ရေးကို ရယူနိုင်ခဲ့တယ်။အထူး ကတိပေးပါတယ်၊ ဒီနှစ်မှာ ချန်ပီယံလိဂ်ဆုဖလားကြီး နူးကမ့်ကို ပြန်ရောက်လာဖို့ ဘာမဆို ဖြစ်နိုင်ပါတယ်။" လို့ မက်ဆီက ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပနေကြဖြစ်တဲ့ ယိုအမ်ဂမ်ပါ ဖလားကို (၆)ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဘိုကာဂျူနီယာအသင်းနဲ့ ကစားခဲ့ရာမှာတော့ ၃-၀ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က