၈၈ မိနစ်မှာ ‌ချေပဂိုးသွင်း‌ပေးနိုင်ခဲ့တာပါ။

၂၀၁၉ အာရှဖလားမှာ တရုတ်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားမှုကြောင့် ပြိုင်ပွဲကာလအတွင်းမှာပဲ အက်စ်ပန်ညိုအသင်းက ခေါ်ယူခဲ့တာပါ။

ကတ္တလန် ဒါဘီအဖြစ် ကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲကတော့ တစ်ဖက် ၂ ဂိုးစီနဲ့ ပြီးဆုံးခဲ့ပြီး အဆိုပါပွဲမှာ အက်စ်ပန်ညိုအတွက် တရုတ်လက်ရွေးစင်တိုက်စစ်မှူး ဝူလီက တစ်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။



ပွဲချိန် ၈၈ မိနစ်မှာ အသင်းအတွက် ချေပဂိုးသွင်းပြီး အက်စ်ပန်ညိုကို အိမ်ကွင်းမှာ မျက်နှာမငယ်ရအောင် စွမ်း ဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။



အခုလို ဘာစီလိုနာအသင်းဖက်ကို ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဝူလီဟာ တရုတ်နိုင်ငံရဲ့ သမိုင်းမှာ ဘာစီလိုနာ အသင်းဖက်ကို ပထမဆုံး ဂိုးသွင်းယူနိုင်သူ ဖြစ်လာခဲ့ပြီလို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။

ဝူလီအနေနဲ့ ၇၄ မိနစ်ကျမှ လူစားဝင် ကစားသမားအဖြစ် ကစားခွင့်ရရှိခဲ့တာ ဖြစ်ပြီး အခုသွင်းဂိုးက အက်စ်ပန်ညို အသင်းအတွက် ၁၆ ပွဲမှာ ၂ ဂိုးမြောက်သွင်းယူပေးနိုင်တဲ့ ဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

အက်စ်ပန်ညိုအသင်းကတော့ ဘာစီလိုနာကို ၂၀၀၉ ခုနှစ်ကတည်းက အနိုင်မယူထားနိုင်တာ ဖြစ်ပြီး အခု တစ်ကြိမ် သရေရလဒ်ကတော့ ထိုက်တန်မှုရှိခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

သရေရလဒ်ကြောင့် အက်စ်ပန်ညိုအသင်းကတော့ တန်းဆင်းဇုန်ထဲက ရုန်းမထွက်နိုင်သေးပဲ ရမှတ် ၁၁ မှတ်နဲ့ အတူ အဆင့် ၂၀ မှာဆက်လက်ရပ်တည်နေရပါတယ်။

ဝူလီကတော့ ၂၀၁၉ အာရှဖလားခြေစွမ်းပြမှုကြောင့် ၂၀၁၉ ဇန်နဝါရီလမှာ တရုတ်ကလပ် ရှန်ဟိုင်း SIPG ကနေ အက်စ်ပန်ညို အသင်းက ခေါ်ယူခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က