အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်ကို ခေါ်ယူလိုတဲ့ ဥရောပအသင်းကြီးအများစုရှိနေခဲ့ပြီးဘာစီလိုနာအသင်း ကတရားဝင်ကမ်းလှမ်းဖို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
အီတလီဝါရင့်နည်းပြကာပယ်လိုက အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်အနေနဲ့ စီးရီးအေမှာပဲဆက်ကစားသ င့်ကြောင်း၊ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပါက အရံကစားသမားအဖြစ်သာ ရှိနေမှာဖြစ်ကြောင်းတိုက်တွန်း ပြောဆိုခဲ့မှုကို Marca.com က ဖော်ပြလာခဲ့ပါတယ်။
လက်ရှိအင်တာမီလန်နည်းပြကွန်တီလက်ထက်တွင် အသင်းဖော်လူကာကူနဲ့အတူခြေစွမ်းပြကစားနိုင်နေတဲ့အာ ဂျင်တီးနားတိုက်စစ်မှူးမာတီနက်ဇ်ကို ဘာစီလိုနာအသင်းအပြင် ဥရောပအသင်းကြီးအများစုက ခေါ်ယူဖို့စိတ်ဝင် စားနေခဲ့တာလည်းဖြစ်ပါတယ်။
“ ပုဂ္ဂိုလ်ရေးအမြင်အရ မာတီနက်ဇ်ကို အင်တာမှာပဲဆက်ရှိနေစေချင်တယ်။ ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ထိုက် တန်တဲ့ခြေစွမ်းရှိတယ်ဆိုပေမယ့် ကစားပုံနည်းစနစ်အရ အရံကစားသမားအဖြစ်ပဲရှိနေလိမ့်မယ်။ ထိပ်တန်းက စားသမားအဖြစ်ကိုရောက်ဖို့ အချိန်လိုသေးပါတယ်။ မာတီနက်ဇ်အနေနဲ့ အသင်းမပြောင်းသင့်သေးပါဘူး” လို့ အီတလီဝါရင့်နည်းပြကာပယ်လိုက La Gazzetta dello Sport နဲ့အင်တာဗျူးအစီအစဉ်မှာ အကြံပြုပြောဆိုလို က်တာပါ။
ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က အာဂျင်တီးနားကလပ်ရေးဆင်းအသင်းကနေ ပြောင်းရွှေ့လာတဲ့ မာတီနက်ဇ်အနေနဲ့ အ င်တာမီလန်အသင်းမှာ စာချုပ်သက်တမ်း ၃နှစ်ကျန်ရှိနေသေးတာဖြစ်ပြီး ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ အမြင့် မားဆုံးပြောင်းရွှေ့ကြေးတစ်ရပ်ဝန်းကျင်နဲ့ ကမ်းလှမ်းရဖို့ရှိနေတာလည်းဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ မာတီနက်ဇ်ကိုခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက အကြိမ်ကြိမ်ပြင် ဆင်ကမ်းလှမ်းခဲ့တာဖြစ်ပြီး အနာဂတ်ကာလတစ်ခုအတွင်း ဆွာရက်ဇ်နေရာအစားထိုးနိုင်မယ့် ကစားသမားတစ် ဦးအဖြစ် လက်ခံထားတာလည်းဖြစ်ပါတယ်။ ကစားသမားဖြစ်သူက ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိနေပေမယ့် စီနီယာအသင်းဖော်မက်ဆီကတော့ နေမာကိုသာပြန်လည်ခေါ်ယူပေးဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။