ဘိုင်ယန်မြူးနစ်မှာအငှားနဲ့သွားကစားနေတဲ့ ကော်တင်ဟိုဟာ ရာသီကုန်ရင် နူးကမ့်ကို လာရောက်ပူးပေါင်းရမှာဖြစ်ပြီး ဘိုင်ယန်က အပြီးသတ်ဝယ်ယူနိုင်မယ့်အခွင့်အရေးရှိပေမယ့်လည်း ငြင်းဆန်ထားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဥက္ကဌဘာတိုမြူကတော့ အသင်းကစားသမားကော်တင်ဟိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ်ပြောဆိုမှုတွေကို ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ကော်တင်ဟိုကို ရောင်းထုတ်ဖို့အတွက် စိုင်းပြင်းနေခဲ့တဲ့ ဘာစီလိုနာဟာ နည်းပြဆက်တီယန်ကို ထုတ်ပယ်ပြီး ရော်နယ်ကိုးမန်းကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့စီစဉ်ခဲ့ပြီးနောက် ဘရာဇီးလ်ကစားသမားဟာ နူးကမ့်မှာဆက်ရှိနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။
Goal.com ရဲ့ ဖော်ပြချက်အရ ဘာတိုမြူက ကော်တင်ဟိုရဲ့အနာဂတ်ဟာ အသင်းနည်းပြသစ်ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်တယ်လို့ပြောဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်မှာအငှားနဲ့သွားကစားနေတဲ့ ကော်တင်ဟိုဟာ ရာသီကုန်ရင် နူးကမ့်ကို လာရောက်ပူးပေါင်းရမှာဖြစ်ပြီး ဘိုင်ယန်က အပြီးသတ်ဝယ်ယူနိုင်မယ့်အခွင့်အရေးရှိပေမယ့်လည်း ငြင်းဆန်ထားခဲ့ပါတယ်။
အစောပိုင်းအခြေအနေမှာတော့ ပရီးမီးယားလိဂ်ကလပ်တချို့က ကော်တင်ဟိုကို စိတ်ဝင်စားနေပြီး နူးကမ့်မှာ ပုံမှန်ကစားခွင့်ရမှာမဟုတ်တဲ့အတွက်ကြောင့် ကစားသမားကိုယ်တိုင်ကလည်း အသင်းက ထွက်ခွာချင်နေခဲ့ပါတယ်။ ဒါပေမယ့် ဘာတိုမြူရဲ့ အခုလိုပြောဆိုမှုက သူ့ကို နူးကမ့်မှာ ဆက်လက်တွေ့မြင်နိုင်ဖွယ်ရှိလာခြ့ပြီဖြစ်ပါတယ်။
"သူအသင်းမှာဆက်ရှိ၊မရှိက နည်းပြကဆုံးဖြတ်ရမှာပါ၊ တကယ်လို့ သူက အသင်းမှာဆက်ကစားချင်တယ်ဆိုရင်လည်း လာမယ့်ရာသီမှာ ကျွန်တော်တို့အတွက် သူကစားပေးပါလိမ့်မယ်" လို့ ဘာတိုမြူက ပြောဆိုခဲ့ကြောင်းသိရပါတယ်။ ရော်နယ်ကိုးမန်းကိုတော့ မနေ့က လေဆိပ်တစ်ခုမှာ တွေ့မြင်ခဲ့ရပြီး ဘာစီလိုနာကို ထွက်ခွာလာခဲ့တယ်လို့သိရပါတယ်။
ဟေ်ာလန်လက်ရွေးစင်နည်းပြဟာ ဘာစီလိုနာနည်းပြသစ်ရာထူးကို လက်ခံပြီးပါက အသင်းတွင်းကစားသမားတွေကို စီမံရတော့မှာဖြစ်ပြီး ရောင်းချသွားမယ့်ကစားသမားတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။