နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ အထိမ်းအမှတ်ပွဲတစ်ခုဖြစ်တဲ့ ယိုအန်ဂမ်ပါဖလားပြိုင်ပွဲကို ဗုဒ္ဓဟူးနေ့က ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်း နူးကမ့်မှာ ကစားခဲ့ကြပါတယ်။ ဘာစီလိုနာ အသင်းနဲ့ တောင်အမေရိကကလပ် ဘိုကာဂျူနီယာတို့ ကစားခဲ့ကြတာဖြစ်ပြီး ဘာစီလိုနာက မယ်လ်ကွန်၊ မက်ဆီ နဲ့ ရာဖင်ဟာတို့ရဲ့ သွင်းဂိုးတွေကြောင့် ဂိုးပြတ်နိုင်ပွဲ ရရှိပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။
Photo : Daily Mail
(၅၃) ကြိမ်မြောက် ကျင်းပတဲ့ ဒီနှစ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက လူစံုံနီးပါးထည့်သွင်းအသုံးပြုခဲ့ပြီး ပွဲထွက်ခဲ့ပါတယ်။ ဘိုကာဂျူနီယာအသင်းကလည်း သူတို့အသင်းရဲ့ အကောင်းဆုံးကစားသမားတွေကို ပွဲထုတ်ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကျော် တိုက်စစ်မှူး တီဗက်ဇ်ကို ဒုတိပိုင်းမှာ လူစားလဲလှယ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အက်သလက်တီကိုမက်ဒရစ်ကို ရှုံးနိမ့်အပြီး စံချိန်မှတ်တမ်းဆိုးတစ်ခု ပိုင်ဆိုင်ခဲ့တဲ့ ရီးရဲလ်
Photo : Daily Mail
နူးကမ့်ကွင်းအတွင်းမှာ မက်ဆီက ဘာစီလိုနာအသင်းခေါင်းဆောင်ဘ၀ ပထမဆုံးအကြိမ်အဖြစ် ကစားခဲ့ပြီး ပွဲမတိုင်ခင်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့် ရရှိခဲ့လို့ များစွာဂုဏ်ယူမိတယ်လို့ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။ ဘော်ဒိုးအသင်းကနေ အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ် မယ်လ်ကွန်က ပွဲချိန် (၁၈)မိနစ်မှာ ဘာစီလိုနာအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
Photo : Daily Mail
ဘာစီလိုနာကစားသမားဘ၀ မယ်လ်ကွန်အတွက် ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပါတယ်။ မက်ဆီက (၃၉)မိနစ်မှာ နောက်ထပ်တစ်ဂိုး သွင်းယူပေးခဲ့ပြီး ရာဖင်ဟာက ဒုတိယပိုင်း (၆၇)မိနစ်မှာ နောက်ဆုံးအနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ကစားသမား အများအပြားကို လဲလှယ်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
Photo : Daily Mail
ဘာစီလိုနာအတွက်တော့ ယိုအန်ဂမ်ပါဖလားကို (၆)ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့တာဖြစ်ပြီး နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ (၆)ကြိမ်မှာ (၅)ကြိမ်က ပေးဂိုးမရှိပဲ ဆုဖလားဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ယိုအန်ဂမ်ပါဖလားပွဲကိုတော့ လေယာဉ်ပျက်စီးမှုအဖြစ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းတစ်သင်းလုံးနီးပါး ပျက်စီးလုဖြစ်ခဲ့တဲ့ ချာပါကိုအန်စီအသင်းနဲ့ ဘာစီလိုနာက အထူးပွဲအဖြစ် ကစားပေးခဲ့ပြီး (၅)ဂိုးပြတ်နဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။