ရုံးချိန်းရက်တွေလည်း ပြောင်းထားပါတယ်။

Quarantine ကာလပြည့်သွားမှ ရုံးချိန်းများကို ဆက်လက်ချိန်းဆိုသွားမှာ ဖြစ်တယ်လို့ အရှေ့ပိုင်းခရိုင် သတင်းပြန်ကြားရေးက Duwun ကို ပြောပါတယ်။

 

အိမ်အကူ မိန်းခလေး အား ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုတွေ နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာက အင်စိန်အကျဥ်းထောင်ထဲမှာ Quarantine ဝင်နေရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနေ့(မေလ၂၂ရက်)ရုံးချိန်းသို့ မလာရောက်နိုင်တာဖြစ်ပြီး Quarantine ကာလပြည့်ပြီးမှသာ အမှုရင်ဆိုင်ရမယ့်ကိစ္စတွေကို ဆက်လက်ဆောင်ရွက်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ အရှေ့ပိုင်းခရိုင် တရားပြန်ကြားရေး ဦးအောင်နေမျိုးက Duwun ကို ပြောပါတယ်။

“Quarantine ဝင်နေရတယ် Quarantineမပြည့်သေးတော့ ထောင်ထဲမှာနေနေရတယ်။ သူအရင်က ရုံးချိန်းတွေ လာနိုင်တယ်ဆိုတာက သူ့ကစခန်းက လာခဲ့တာ။ စခန်းကနေ ရုံးချိန်းလာပြီး ဒီကနေ ရမာန်ရတော့ အင်းစိန်ကို ပို့လိုက်တာပါ။ အင်းစိန်ရောက်တော့ တခြား ထောင်သားတွေလည်း ရှိနေတာကြောင့် သူတို့ကို Quarantine ဝင်ခိုင်းထားရတယ်။ ရက်ပြည့်မှရုံးချိန်းကိစ္စတွေ ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ သူက ဆိုပါတယ်။


မင်းရာဇာအပါအဝင်(၄)ဦးဟာ Quarantine ကာလဝင်နေရတာကြောင့် နောက်ထပ်ရုံးချိန်းကို ဇွန်လ(၅)ရက်နေ့သို့ ထပ်မံချိန်းဆိုထားတယ်လို့ ပြန်ကြားရေးက ပြောပါတယ်။

တရားစွဲဆိုခံထားရတဲ့ မင်းရာဇာအပါအဝင်(၄)ဦးဟာ မေလ(၂၁)ရက်နေ့က မြောက်ဥက္ကလာပ တရားရုံးမှာ စစ်ဆေးဖို့ ချိန်ဆိုထားသော်လည်း ရောက်လာခဲ့ခြင်းမရှိသလို ဒီနေ့(မေလ၂၂ရက်) အရှေ့ပိုင်းခရိုင်တရားရုံးသို့လည်း Quarantine ဝင်နေရတာဖြစ်လို့ ရောက်လာခဲ့ခြင်းမရှိပါဘူး။


အိမ်အကူအမျိုးသမီးငယ်အား အက်ဆစ်နဲ့ပက်နှိပ်စက်ခဲ့တဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံး ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးက အာမခံရခဲ့ပါတယ်။

မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က