နဝရတ်တေးသံသွင်းပိုင်ရှင်ဦးဝေထွန်းကတော့ နောက်နှစ်ရက်နေရင် ပြန်လွတ်မှာပါ။

ထောင်ဒဏ်သုံးလကျခံခဲ့ရတဲ့ ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားဟာ ဒီကနေ့ သြဂုတ်လ၁၄ရက်မှာတော့ အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကနေဒါနိုင်ငံကို ပြည်နှင်ဒဏ်ပေးမှာဖြစ်တယ်လို့ အင်းစိန် အကျဉ်းထောင်မှ တာဝန်ကျ အရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

“ ရက်ပြည့်သွားလို့ ဒီနေ့ပဲ ထောင်က လွှတ်လိုက်ပါပြီ။ သူက နိုင်ငံခြားသားဖြစ်တော့ နိုင်ငံသားခံယူထားတဲ့ ကနေဒါနိုင်ငံကို ပြည်နှင်ဒဏ်ပေးမှာပါ။ ကျွန်တော်တို့ လဝက ကိုလွှဲပေးလိုက်ပါတယ်” လို့ အင်းစိန်ထောင်အရာရှိတစ်ဦးက ဆိုပါတယ်။

တရားဟောဆရာဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို သြဂုတ်လ(၆)ရက်က အလုပ်နဲ့ ထောင်ဒဏ် (၃) လ အမိန့်ချမှတ်လိုက်ပေမယ့် ယခင်သူတို့ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရက်တွေပါ ထည့်သွင်းထားတာကြောင့် ထောင်ထဲမှာ ၂ ပတ်ခန့်သာနေရမယ်လို့ ဒေးဗစ်လားရှေ့နေ ဦးအောင်ကြည်ဝင်းက ပြောခဲ့ပါတယ်။

ဒီနေ့ သြဂုတ်လ ၁၄ ရက်မှာတော့ စောဒေးဗစ်လား ပြန်လည်လွှတ်မြောက်လာခဲ့ပြီး နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းကတော့ နောက် နှစ်ရက် နေရင် ပြန်လွတ်မယ်လို့လည်း အင်းစိန် အကျဉ်းထောင်ကနေ သိရပါတယ်။

ကိုဗစ်ကာလအတွင်း လူစုလူဝေးနဲ့ဘာသာရေးအခမ်းအနားပွဲကျင်းပခဲ့တယ်ဆိုပြီး တရားဟောဆရာဒေးဗစ်လးနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) နဲ့အမှုဖွင့်ထားခဲ့ပေမယ့် အမိန့်ချတဲ့နေ့မှာတော့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၃၀)ကနဲ့ ပုဒ်မပြောင်းလဲပြီး အမိန့်ချခဲ့တာဖြစ်ပါတယ်။


Share

Loading Next Article...
က္က