Covid -19 ရောဂါ ရှိမရှိ မနက်ဖြန်မှာ သိရတော့မှာပါ။

အဆိုတော် နီတာဟာ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားရဲ့ ပွဲကို တက်ရောက်ခဲ့ပြီး ၂ရက်အကြာမှာ ဖျားလာတာကြောင့် အင်းစိန်းဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

 

photo : နီတာ



ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ ထိတွေ့မှု ရှိခဲ့တဲ့ အဆိုတော် နီတာဟာ ယခုလက်ရှိမှာ အင်းစိန် ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ နီတာဟာ ဆုတောင်းပွဲကို သွားရောက်ပြီးနောက် (၂)ရက်အကြာမှာ ဖျားနာြခင်းကို စတင်ခံစားခဲ့ရတာ ဖြစ်ပြီး (၈) ရက်အထိ အဖျားဝေဒနာကို ခံစားခဲ့ရတယ်လို့ Duwun ကိုပြောပါတယ်။ အဖျားရောဂါခံစားနေရစဥ်မှာ ခရစ်ယာန်တရားဟော ဆရာမှာ Covid - 19 ရောဂါတွေ့ရှိခဲ့တဲ့ သတင်းကြားပြီးနောက်မှာ သူကိုယ်တိုင် ကျန်းမာရေး ဆေးစစ်ချက်တွေ ပြုလုပ်ပြီး Quarantine ဝင်ခဲ့တယ်လို့ ဆိုပါတယ်။

photo : နီတာ

လက်ရှိကျန်းမာရေးအခြေအနေတွေကတော့ အရင်နေ့တွေထက်စာရင် ကောင်းမွန်တယ်လို့ သူက ပြေပါတယ်။

“ဒီနေ့တော့ နေ့ရတာ အဆင်ပြေပါတယ်။ဖျားတာလည်းမရှိသလို ချောင်းဆိုးလည်းသက်သာတယ်။ မနက်ကတော့ ဆေးစစ်တာတွေ လာလုပ်သွားတယ်။ရောဂါပိုးရှိမရှိဆိုပြီးတော့ ဓာတ်ခွဲစမ်းသပ်ဖို့ အတွက် ဆိုပြီ နှာခေါင်းတို့ဖတ်နဲ့ အာခေါင်တို့ဖတ်ယူတယ်ပေါ့။ နှာခေါင်းထဲကို ၈ လက်မလောက် ရှိမှာပေါ့ ။ပိုက်လိုမျိုးကရိယာလေး နဲ့ နှာခေါင်းထဲကိုထည့်တယ်။နှာခေါင်းထဲကိုထိုးထည့်ဆိုတော့ တော်တော်နာတယ်။ ပိုက်ကလည်းရှည်တာကို ဆရာဝန်တွေလည်း ကောင်းပါတယ်သေချာလုပ်ပေးတယ်” လို့ ဆေးစစ်ဖို့အတွက် လုပ်ဆောင်တွေကို Duwun ကိုပြောပြခဲ့တာပါ။

photo : နီတာ

လက်ရှိမှာတော့ အင်းစိန်ဆေးရုံမှာ ‌ဆေးကုသမှု ခံယူနေရင်း Covid 19 ရောဂါပိုးရှိမရှိအဖြေကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

“အဖြေကတော့ ဒီနေ့ည မဟုတ်ရင် မနက်ဖြန် သိရမယ်လို့တော့ ပြောပါတယ်” ဆိုပြီး သူက ဆက်လက်ပြောပြခဲ့ တာပါ။

သူ့ရဲ့ သတင်းတွေ ကြားပြီး ပရိသတ်တွေ စိတ်ပူပေးနေကြတဲ့အတွက်လည်း အရမ်းကို ‌ကျေးဇူးတင်မိကြောင်း ပြောခဲ့ပါသေးတယ်။ ပရိသတ်တွေ အားလုံးလည်း အိမ်ထဲက အိမ်ပြင်မထွက်ဖို့နဲ့ ကျန်းမာရေးဂရုစိုက်ကြဖို့ကို Duwun ကနေ တဆင့် ပြောခဲ့ပါတယ်။

အဆိုတော် နီတာဟာ အစိုးရကကျန်းမာရေး အသိပေးချက်တွေ စကြေညာတဲ့ မတ်လ(၁၃) ရက်နေ့ကစပြီး Stay Home နေခဲ့ပေမယ့် မတ်လ (၂၉)ရက်နေ့မှာ ဘာသာရေးအခမ်းအနားနဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတစ်ခု ပြုလုပ်ပြီးနောက်မှာ ယခုလို ‌ေ စာင့်ကြည့်လူနာအဖြစ် အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်၊

 


ဆက်စပ်အကြောင်းအရာများ

Share

က္က