တစ်တိုင်းလုံးအနေနဲ့ ဘာသာရေးပွဲကကူးစက်ခံသူဦးရေ (၆၀)ကျော်နေပါပြီ။

ဒီကနေ့ ဧပြီလ(၂၃)ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အတည်ပြုလူနာ (၉၉)ဦးမှာ (၂၁)ဦးက အင်းစိန်မြို့နယ်ကဖြစ်ပြီး အဆိုပါ (၂၁)ဦးအနက် (၁၀)ဦးကျော်လောက်က တရားဟောဆရာစောဒေးဗစ်လားရဲ့ ဘာသာရေးပွဲကဆက်နွယ်သူတွေဖြစ်တယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က Duwun ကိုပြောပါတယ်။ 

အင်းစိန်မြို့နယ်ရဲ့ထပ်တိုးလူနာတွေက ယခင်အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိထားတဲ့ မိသားစုဝင်တွေထဲကပဲဖြစ်ကြလို့ ကြိုတင်အသွားအလာကန့်သတ်ထားတာကြောင့် နယ်မြေသစ်တွေကိုတော့ ကူးစက်မှုသိပ်မရှိဘူးလို့ဆိုပါတယ်။



“ အင်းစိန်မြို့နယ်က အတည်ပြုလူနာတွေဆိုပေမယ့် အင်းစိန်ဆေးရုံကြီးမှာကုသနေလို့ အင်းစိန်မြို့နယ်ဝင်သွားတာလည်းရှိတယ်။ ဒါပေမယ့် အဲဒီထဲမှာ အင်းစိန်မြို့နယ်ကကြည့်ဆိုရင် (၁၀)ဦးကျော်လောက်ရှိမယ်။ (၁၀)ဦးကျော်လုံးကလည်း ဘာသာရေးပွဲနဲ့ ဆက်နွယ်နေတဲ့သူတွေပါပဲ။

အခုဆိုရင် ဘာသာရေးပွဲကနေတစ်ဆင့်ကူးစက်မှုတွေများလာတော့ ဘာသာရေးပွဲတွေကိုမလုပ်ဖို့တားမြစ်နေတာတွေရှိပါတယ်။ ဘာသာရေးဆိုတာကလည်း အယူသီးတော့ ထိလွယ်ရှလွယ်တော့ပြောရတာတော့ခက်တယ်”လို့ ဦးသာအောင်ကပြောပါတယ်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးအတွင်းက အတည်ပြုလူနာ(၉၉)ဦးမှာ စောဒေးဗစ်လားရဲ့ ဘာသာရေးပွဲကနေ ကူးစက်ခံရသူတွေက ဦးရေ (၆၀)ကျော်ထိရှိနေပါတယ်။ (၆၀)ကျော်ထဲမှာ အသက်(၇၈)နှစ်အရွယ် လူနာနံပါတ်(၈၆)မှာလည်း ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ 

ဒီဘာသာရေးပွဲက ကူးစက်ခံရသူတွေဟာ လူနာအမှတ်(၂၄)ကနေတဆင့်ကူးစက်ခံရတာဖြစ်ပြီး အဲဒီလူနာကနေ ဆင့်ပွားကူးစက်မှုတွေရှိလာရာမှာ ပွဲကိုတက်ရောက်ခဲ့တဲ့ အနုပညာရှင်တွေပါ ရောဂါပိုးကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က