လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပေါင် ၄၂သန်းအထိ အမြတ်ထွက်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးအသင်းအဖြစ် အဆင့်ရ နေရာမှာ ရပ်တည်နေလို့ အဆိုပါဆုံးဖြတ်ချက်အပေါ် အသင်းကစားသမားဟောင်းတွေဖြစ်တဲ့ ကာရေဂါ နဲ့ ကော်လီမိုးတို့ကိုယ်တိုင်က ရှက်ရွံ့စရာကောင်းတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
ကစားသမားမဟုတ်တဲ့ အသင်းဝန်ထမ်းတွေကို ယာယီခွင့်ပေးသွားပြီး အစိုးရထောက်ပံ့ကြေးနဲ့ လစာပေးသွားဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး လီဗာပူးလ်အသင်းဟာ ပြန်လည်တောင်းပန်မှုတွေ ပြုလုပ်ခဲ့ရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကမှ လီဗာပူးလ်က အစိုးရထောက်ပံ့ကြေး ၈၀%ကို ရယူပြီး အသင်းဝန်ထမ်းတွေကို လစာပေးချေသွားမယ်လို့ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်ကလည်း ပရီးမီးယားလိဂ်မှာ အဆိုပါအကူအညီရယူတဲ့ ငါးသင်းမြောက်ကလပ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပေါင် ၄၂သန်းအထိ အမြတ်ထွက်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးအသင်းအဖြစ် အဆင့်ရ နေရာမှာ ရပ်တည်နေလို့ အဆိုပါဆုံးဖြတ်ချက်အပေါ် အသင်းကစားသမားဟောင်းတွေဖြစ်တဲ့ ကာရေဂါ နဲ့ ကော်လီမိုးတို့ကိုယ်တိုင်က ရှက်ရွံ့စရာကောင်းတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
အဆိုပါဆုံးဖြတ်ချက်အပေါ်မှာ ဝေဖန်ပြစ်တင်မှုတွေ အများအပြားရှိလာခဲ့ပြီး အသင်းကစားသမားဟောင်းတွေ၊ အသင်းပရိသတ်တွေကိုယ်တိုင်က အသင်းပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ပီတာမိုးက "ကျွန်တော်တို့ ပြီးခဲ့တဲ့တစ်ပတ်မှာ အမှားအယွင်းပြုလုပ်မိခဲ့ပါတယ်၊ ဒီအတွက် တကယ်ကိုစိတ်မကောင်းပါဘူး" လို့ ပြောဆိုခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်သွားဖို့ ဆုံးဖြတ်ခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။
"ဒီအကျပ်အတည်းမတိုင်မီမှာ ကျွန်တော်တို့အခြေအနေက ကောင်းမွန်ခဲ့ပါတယ်၊ အကျပ်အတည်းတွေကြောင့် ဝင်ငွေရရှိမယ့်လမ်းတွေ ပိတ်သွားခဲ့ပေမယ့် ထွက်ငွေတွေကတော့ ရှိနေဆဲပါ၊ လူ့အဖွဲ့အစည်းအားလုံးက ကျွန်တော်တို့လိုပဲ ရင်ဆိုင်နေရတာပါ၊ ဒီအခြေအနေမျိုးမှာ ဘယ်အလုပ်ရှင်မဆို ဝန်ထမ်းတွေအတွက် စိုးရိမ်ပါတယ် ကပ်ဆိုးကြီးမဖြစ်ခင်ကလို ပြန်လည်ပတ်နိုင်မယ့် အခြေအနေအမျိုးမျိုးအတွက် ပြင်ဆင်နေတာပါ"
"ဒီလိုအဖြစ်အပျက်ကြောင့် အမြတ်အစွန်းတွေလျော့နည်းခြင်းနဲ့ လုပ်ငန်းလည်ပတ်မှုတွေ မကြုံစဖူးကျဆင်းခဲ့သလို ဆုံးရှုံးခြင်းတွေလည်း ရှိနေတယ်ဆိုတာ မလွှဲသာတဲ့ အမှန်တရားဖြစ်ပါတယ်၊ ဘဏ္ဍာရေးအရင်းအမြစ်တေါကို အကြီးအကျယ်သက်ရောက်မှုရှိခဲ့ပြီး ကျွန်တော်တို့အရင်က လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ်မှာ ဆိုးကျိုးတွေသက်ရောက်ခဲ့တာကလည်း ထင်ရှားပါတယ်" လို့ ကော်လီမိုးက အသင်းရဲ့တရားဝင်လူမှုကွန်ရက်တွေကတဆင့် ရေးသားပြောဆိုပြီး ဖြေရှင်းတောင်းပန်သွားခဲ့ပါတယ်။