အက်ဆီးဒင့်ပါ ဖြစ်ခဲ့တာပါ။

မလိုအပ်ပဲ အသွားအလာ လုပ်ခြင်းကို ပိတ်ဆိုးထားတာကို အပြင်ထွက်ရာမှာ အက်ဆီးဒင့်ပါ ဖြစ်ခဲ့တာပါ။

တနင်္ဂနွေနေ့ မနက်ပိုင်းက ကားအက်ဆီးဒင့်ဖြစ်ပွားခဲ့တဲ့ အက်စတန်ဗီလာ ကစားသမား ဂျက် ဂရီးလစ်ချ်ကတော့ သူချိုး ဖောက်ခဲ့တဲ့ အမှားအတွက် ပရိသတ်တွေကို လူမှုကွန်ရက်ကတဆင့် ပြန်တောင်းပန်ခဲ့ပါတယ်။



အင်္ဂလန်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် တစ်နေရာနဲ့ တစ်နေရာ သွားလာမှုကို မလိုအပ်ပဲ သွားလာခွင့် မပြုထားပါဘူး။

ဒါပေမယ့်လည်း ဂရီးလစ်ချ်ကတော့ သူ့သူငယ်ချင်းထံကို မလိုအပ်ပဲ သွားရောက်ခဲ့ရာဝယ် လမ်းမှာ အက်ဆီးဒင့် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ Daily Mail က ဖော်ပြလာပါတယ်။

အက်စတန်ဗီလာအသင်းကတော့ သူတို့အသင်း ကစားသမားရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ရှုတ်ချခဲ့သလို ပြစ်ဒဏ် အဖြစ် ငွေဒဏ် ချမှတ်ကာ ဘာမင်ဂမ်က တက္ကသိုလ်များဆေးရုံ ရန်ပုံငွေအသင်းကို လှူဒါန်းသွားမယ်လို့လည်း သတင်း ထုတ်ပြန်လာပါတယ်။



အက်ဆီးဒင့် မဖြစ်ခင် ၂၄နာရီအလိုလောက်ကမှ ဂရီးလစ်ချ်က သူ့ ပရိသတ်တွေကို လူမှုကွန်ရက်ကတဆင့် အိမ်မှာပဲ နေကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

အဲ့နောက် အက်ဆီးဒင့်ဖြစ်ပြီး ၃၆ နာရီအကြာမှာတော့ -“ဘယ်လောက်စိတ်ပျက်ခဲ့မိလဲဆိုတာ ကျွန်တော် ပြော ချင်လို့ပါ၊အိမ်မှာ အကြာကြီး နေနေကြရတဲ့ ကာလက အားလုံးအတွက် စိတ်ပျက်စရာဆိုတာ နားလည်ပါတယ်။ ကျွန်တော်က သူငယ်ချင်းကို ဟိုနားဒီနားသွားမယ်လို့ မိုက်မိုက်မဲမဲ သဘောတူခဲ့မိတာပါ၊အခု ကျွန်တော်မှားခဲ့သ လို လိုက်မမှားဖို့ ရည်ရွယ်ပါတယ်။” အစရှိသဖြင့် ပရိသတ်ကို ပြန်လည်ပြောခဲ့ပါတယ်။

ဂရီးလစ်ချ်ကတော့ အသက် ၂၄နှစ်အရွယ်သာ ရှိသေးပြီး အက်စတန်ဗီလာအသင်းရဲ့ ငယ်မွေးခြံပေါက် ကစား သမားတစ်ဦးဖြစ်ကာ လက်ရှိမှာတော့ အသင်းခေါင်းဆောင်အဖြစ် ကစားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က