အောက်တိုဘာပွဲတုန်းက ခါဘစ်က အနိုင်ရသွားတာပါ။

မက်ဂရီဂေါနဲ့ ခါဘစ်တို့ရဲ့ အောက်တိုဘာတုန်းက ပွဲမှာတော့ ခါဘစ်က အနိုင်ရခဲ့ပေမယ့် ပွဲအပြီးမှာ နှစ်ဖက် တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။

ကော်နာ မက်ဂရီဂေါက သူနဲ့ ခါဘစ်တို့ကြားက စစ်ပွဲက မပြီးဆုံးသေးကြောင်းနဲ့ သူ့ရဲ့ ပြိုင်ဖက် ခါဘစ်က ပြန်ထိုးဖို့ ရှောင်နေတယ်လို့ ထုတ်ဖော်ပြောခဲ့ကြောင်း Daily Mail ကဖော်ပြပါတယ်။

မက်ဂရီဂေါနဲ့ ခါဘစ်တို့ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက UFC 229 ပွဲစဉ်အဖြစ် ထိုးသတ်ခဲ့ကြပြီးနှစ်ဖက် တာဝန်ရှိသူနဲ့ ပရိသတ်တွေ အချင်းများ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့်နှစ်ဦးစလုံးကို ပြစ်ဒဏ်ကိုယ်စီ ချမှတ်ခဲ့ပြီး မက်ဂရီဂေါကို ၆ လပွဲပယ်နဲ့ ဒဏ်ကြေးငွေအဖြစ် ပေါင် ၄ သောင်းပေးဆောင်စေကာ ခါဘစ်ကိုမူ ၉ လ ပွဲပယ်နဲ့ ဒဏ်ငွေ ပေါင် ၄ သိန်းပေးဆောင်စေခဲ့တာပါ။

“ပွဲမပြီးသေးဘူး တိုနီ၊ ပြန်စိန်ခေါ်ပွဲ ဖြစ်မလာသ၍ ကောင်းကောင်းနားရမယ် မထင်နဲ့၊ မင်းတို့အားလုံး ရှောင်ပုန်းနေကြတယ်၊ ငါကတော့ ဖိုက်ဖို့ အဆင်သင့်ပဲ၊” လို့ မက်ဂရီဂေါက ပြောခဲ့ပါတယ်။

မက်ဂရီဂေါအနေနဲ့ ၂၀၁၉ ခုနှစ် နှစ်စပိုင်းမှ UFC ကစားသမားဘဝကနေ အနားယူခဲ့ပြီလို့ ကြေညာခဲ့ပေမယ့်လည်း အခုအခါမှာတော့ ရှုံးနိမ့်ခဲ့တဲ့ ရုရှား ပြိုင်ဖက် ခါဘစ်ကို ပြန်စိန်ခေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က