ရုံးချိန်းမှာလည်း လာရောက်တွေ့ဆုံခဲ့ပါတယ်။

အေးသီတာဟာ မူးယစ်ဆေးဝါးအမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဒါရိုက်တာ မိုက်တီးအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ အစ်ကိုတစ်ယောက် လို လေးစားချစ်ခင်ရတဲ့ မိုက်တီးအတွက် သူ့ရင်ထဲက ခံစားချက်ကိုလည်း အခုလို ပြောပြထားပါသေးတယ်။

 

ဇာတ်ပို့သရုပ်ဆောင် အေးသီတာဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ဒါရိုက်တာမိုက်တီးရဲ့ ဒုတိယမြောက် ရုံးချိန်းကို တက်ရောက်လာပါတယ်။ ဒီရုံးချိန်းကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အနု ပညာမောင်နှမတွေဖြစ်တာကြောင့်လည်း သူ့ရဲ့ ခံစားချက်ကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' မချစ်တို့၊ မလင်းတို့၊ ကိုမိုက်တို့ ဆိုတာက မောင်နှမတွေလိုဖြစ်နေတဲ့အတွက် သူတို့တွေ ဖက်ပြီးငိုကြတာကို မြင်ရတဲ့အတွက် အရမ်းစိတ်မ ကောင်းဖြစ်ရတယ်။ ကိုမိုက်က အစ်ကိုတစ်ယောက်လိုပါပဲ။ မူးယစ်ဆေးဝါးဆိုတာကတော့ မသုံးရင် အကောင်းဆုံးပဲပေါ့။ ရောင်းတဲ့သူလည်း မရှိစေချင်ဘူး၊ သုံးတဲ့သူလည်း မရှိစေချင်ဘူး'' လို့ သူကဆိုပါတယ်။

 

အေးသီတာက မူးယစ်ဆေးဝါးသုံးစွဲသူတွေရော၊ စတင်သုံးစွဲဖို့ ကြိုးစားနေသူတွေအတွက် အကျိုးမရှိတဲ့အကြောင်းကို အကြံပြု ပြောပြ ခဲ့ပါ တယ်။ အဖက်ဖက်မှာလည်း စိတ်ချမ်းသာစရာတွေ မရှိတာကြောင့် မသုံးတာ အကောင်းဆုံးပဲ ဆိုတာကိုလည်း ဆက်လက်ပြောပြလာပါတယ်။

'' အကြံပြုပြောချင်တာကတော့ မူးယစ်ဆေးဝါးဆိုတာ ကိုယ့်အတွက်လည်း မကောင်းဘူး။ မိသားစုအတွက်လည်း မကောင်းဘူး၊ တိုင်းပြည် အတွက် လည်း မကောင်းဘူး။ မသုံးရင်အကောင်းဆုံးပဲ မသုံးရင်လည်း ရောင်းဝယ်ဖောက်ကားသူတွေလည်း မရှိတော့ ဒါလေးက အကောင်း ဆုံးပါပဲ'' လို့ ဆိုပါတယ်။

Photo: Aye Thida Facebook

 

အနုပညာရှင်တွေက ပရိသတ်တွေရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် မူးယစ်ဆေးဝါး မသုံးစွဲသင့်ဘူးဆိုတာကို အေးသီတာက ဆက်လက် ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်တို့ အတွက် စိတ်မကောင်းဖြစ် လို့နေပါတယ်။

'' အနုပညာရှင်တွေဆိုတာ ပြည်သူတွေရဲ့ စံပြတစ်ယောက်လို ပြောလို့ရပါတယ်။ ဒါကြောင့်လည်း မသုံးကြစေချင်ပါဘူး။ အဲ့ဒါလောက်ပဲ ပြောချင်ပါတယ်'' ဆိုပြီးတော့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။ မိုက်တီးအတွက် စိတ်မကောင်းဖြစ်နေကြတဲ့ အနုပညာရှင်တွေက လည်း အများကြီးပါ။

Photo: Aye Thida Facebook


ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အေးသီတာကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာ ကြ တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းတွေက အစ်မနေရာ၊ အမေ နေရာ၊ အဒေါ်နေရာ၊ အိမ်အကူနေရာတွေကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က