ရွှေစင်ဝင်းကို တစ်ယောက် အစ်ကိုဖြစ်သူကို ချစ်တဲ့စိတ်နဲ့ မိန်းမ မယူစေချင်ပါဘူးတဲ့။ ငယ်ငယ်တုန်းကလည်း အစ်ကို့ကို သဝန်တိုခဲ့တာတွေရှိတယ်လို့ ရယ်ရယ်မောမောနဲ့ပြောပြလာပါတယ်။
Photo: Shwe Sin Win Ko
သရုပ်ဆောင် ဟိန်းဝေယံရဲ့ ညီမငယ်လေး ရွှေစင်ဝင်းကိုက အစ်ကိုဖြစ်သူကို မိန်းမမယူစေချင်ဘူး လို့ဆိုပါတယ်။ ဟိန်းဝေယံရဲ့ အချစ်ရေးကို တားဆီးပိတ်ပင်တာမျိုးတော့ မရှိဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ ညီမကကျတော့ အစ်ကိုကို ချစ်တဲ့စိတ်ကြောင့် မိန်းမ မယူစေချင်တာပေါ့နော်။ တကယ်လို့ ယူတာ မယူတာက အစ်ကို့ သဘောပါ။ အစ်ကို သဘောကျတယ်၊ အစ်ကိုနှစ်သက်တယ်၊ အစ်ကိုနဲ့ အဆင်ပြေတယ်ဆိုရင်တော့ အစ်ကို့ရဲ့ ရွေးချယ်မှုပဲပေါ့နော်။ ဒါပေမယ့် သူချစ်တယ်၊ သဘောကျတယ်ဆိုပြီးတော့ အကုန်လုံးစဉ်းစားပြီးတော့မှ ရွေးချယ်ထားတာဆိုတော့ တားဆီးပိတ်ပင်တာမျိုးတော့ မရှိဘူးပေါ့နော်’’ လို့ ဟိန်းဝေယံရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။
Photo: Shwe Sin Win Ko
သူမ တော်ရမယ့် ယောက်မ လောင်းကိုလည်း ဘယ်လိုလူမျိုးမှဆိုတာကို ရွေးချယ်သွားမှာ မဟုတ်ဘူးလို့ ရွှေစင်ဝင်းကိုက ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
‘’ ဟိုလို လူမျိုးမှ၊ ဒီလို လူမျိုးမှ ယောက်မတော်မယ် မဟုတ်ပါဘူး။ အကုန်လုံးက ကံစီမံရာပါပဲ။ အစ်ကို နှစ်သက်ရာလည်း ပါတယ်ပေါ့။ ပြီးတော့ အစ်ကိုနဲ့အဆင်ပြေတယ်ဆိုရင်တော့ ညီမတို့နဲ့လည်း အဆင်ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ အစ်ကိုနဲ့ပဲ လက်တွဲရမှာလေ။ ငယ်ငယ်တုန်းကတော့ အစ်ကို့ကို သဝန်တိုခဲ့တာမျိုးတွေရှိတယ်။ အသက်ကြီးလာတဲ့အခါကျတော့ သိပ်ပြီး သဝန်တိုတာမျိုးတော့ မရှိတော့ပါဘူး။’’ လို့ သူကဆိုပါတယ်။
Photo: Shwe Sin Win Ko
ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကား တွေကနေတဆင့် ပရိသတ်တွေ အားပေးမှုရရှိခဲ့တာပါ။ အဲဒီနောက် အနုပညာအလုပ်တွေ အဆက်မပြတ်လုပ်ဆောင်ရတာဖြစ်ပြီး အခုဆိုရင် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မကြာခင်မှာလည်း သူဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ ရတနာဗိုနဲ့ အခြားသော သရုပ်ဆောင် များစွာ ပါဝင်ထားပါတယ်။
Photo: Shwe Sin Win Ko
ရွှေစင်ဝင်းကို(Shwe Sin Win Ko)ကိုလည်း ဟိန်းဝေယံရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ၊ ခန္ဓာကိုယ်လှလှလေးနဲ့ ဆံပင်ရှည်ရှည်လေးဖြစ်လို့ သူမကို ဝန်းရံပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ အနုပညာအလုပ်တွေကိုလည်း တဖြည်းဖြည်းဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။