ရာသီအစ ရလဒ်ဆိုးတွေကြောင့် နည်းပြ မော်ရင်ဟိုအပေါ် ပြစ်တင်ဝေဖန်နေကြပါတယ်။

၁၉၉၂-၉၃ ဘောလုံးရာသီတုန်းကလည်း မန်ယူအသင်းဟာ ရာသီအစ ၃ ပွဲမှာ ၁ မှတ်သာရခဲ့ပေမယ့် ရာသီအကုန်မှာတော့ ချန်ပီယံ ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

Photo - Premier League

 

၂၀၁၈-၁၉့ပရီးမီးယားလိဂ် ဘောလုံးရာသီစတင်လာတာကတော့ ၃ ပတ်မြောက်ကို ကျော်လွန်ခဲ့တဲ့အချိန်မှာ မန်ယူအသင်းကတော့ တစ်ပွဲနိုင် နှစ်ပွဲရှုံးဆိုတဲ့ရလဒ်နဲ့အတူ ဝေဖန်မှုတွေ ခံနေရပါတယ်။

မော်ရင်ဟိုက ဘာကြောင့် မန်ယူအသင်းအတွက် အကောင်းဆုံးနည်းပြဖြစ်နေရသလဲ 

မနေ့က ကစားခဲ့တဲ့ စပါးအသင်းနဲ့ အိမ်ကွင်းပွဲမှာ ၃ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့်လည်း နည်းပြ မော်ရင်ဟို အသင်းက နှုတ်ထွက်ရတော့မယ်၊အခြား နည်းပြတစ်ဦး ပြောင်းတော့မယ် စတဲ့ သို့လော သို့လော မေးခွန်းများစွာလည်း ထွက်ပေါ်လာပါတယ်။

Photo - Twitter

 

တစ်ချိန်တည်းမှာပဲ နည်းပြမော်ရင်ဟိုက သူသာလျှင် လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းအားလုံးရဲ့ နည်းပြတွေထက် အောင်မြင်မှု အရှိဆုံး နည်းပြဖြစ်တာကြောင့် လေးစားသမှု ရှိဖို့လည်း ထုတ်ဖော်ပြောခဲ့ပါတယ်။

ဒါပေမယ့် ပရိသတ်တွေကတော့ မန်ယူအသင်းရဲ့ လက်ရှိရလဒ်ကို မကျေမနပ်ဖြစ်နေပြီး ဒီ့ထက် ပိုကောင်းတဲ့ ရလဒ်တစ်ခုကို မြင်ချင်နေကြတာ လည်း မျက်မြင်ပါပဲ။

Photo - Sportskeeda

 

ဒါကြောင့် ဒီနှစ်မှာတော့ မန်ယူအသင်းအနေနဲ့ တာထွက်ခြေစွမ်းတွေအရ ဖလားရဖို့ထက် လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက်သာ ကြိုးစားဖို့ အားခဲရမယ်လို့လည်း ဗြိတိန် မီဒီယာတွေက ရေးသားဖော်ပြလာပါတယ်။

ဒီလိုအခြေအနေမှာ မန်ယူအသင်းအနေနဲ့ အကောင်းဆုံး ရုန်းကန်ပြခဲ့ဖူးတဲ့သမိုင်းအစဉ်အလာတစ်ခုကလည်း ရှိနေတာကို ပရိသတ်တွေ သတိပြု မိဖို့ ဖော်ပြပေးချင်ပါတယ်။

 

အဲ့ဒါကတော့ ၁၉၉၂-၉၃ ဘောလုံးရာသီမှာ မန်ယူအသင်းဟာ အခုလိုပဲ အစမကောင်းခဲ့ပါဘူး။ အဲ့ဒီတုန်းကဆိုရင် မန်ယူအသင်းအနေနဲ့ အဖွင့်ပွဲ မှာ ရှက်ဖီးယူနိုက်တက် အသင်းနဲ့စတင်ကစားခဲ့ရပြီး ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အဲ့နောက် အဲဗာတန်အသင်းကို ၃ ဂိုးပြတ်ထပ်ရှုံးနိမ့်ခဲ့ပြီး ဒီကနေ့ စပါးကို ရှုံးနိမ့်ခဲ့တဲ့ ဂိုးရလဒ်နဲ့ တူညီနေခဲ့ပြန်ပါတယ်။ ထပ်မံပြီးတတိယပွဲအဖြစ် အစ်ဆွစ်နဲ့ ကစားချိန်မှာလည်း အနိုင်မရသေးပဲ တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်အောင်သာ ကစားနိုင်ခဲ့ပြန်ပါတယ်။

ဒါဆိုရင် ၁၉၉၂-၉၃ ဘောလုံးရာသီအစ ၃ ပွဲမှာ မန်ယူအသင်းက ရမှတ် ၁မှတ်ပဲ ရထားပြီး လက်ရှိအခြေအနေထက်တောင် ပိုဆိုးနေခဲ့ပါသေး တယ်။

အဲ့နောက်မှာတော့ ၅ ပွဲဆက် အနိုင်ရခဲ့သလို ၅ ပွဲဆက်လည်း သရေ ကျခဲ့ပြန်ပါသေးတယ်။ဝင်လ်ဘယ်ဒန်နဲ့ အက်စတွန်ဗီလာတို့ကိုလည်း ၂ ပွဲဆက် ရှုံးခဲ့ပြန်ပါတယ်။

ဒါမေယ့်လည်း ရာသီအကုန်မှာတောာ့ မန်ယူအသင်းက ၄၂ ပွဲကစား ၂၄ ပွဲနိုင် ၁၂ ပွဲသရေ ၆ ပွဲရှုံး ရလဒ်နဲ့ အတူ ရမှတ် ၈၄ မှတ်ရရှိပြီး ဒုတိယ နေရာက အက်စတွန်ဗီလာအသင်းကို ၁၀ မှတ်အထိ အမှတ်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲ့ဒီတုန်းကတော့ ပရီးမီးယားလိဂ်မှာ အသင်း ၂၂ သင်းပါဝင်ယှဉ်ပြိုင်ခဲ့လို့ တစ်သင်းကို ၄၂ ပွဲကစားခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အခြေအနေဆိုးကို ဖြေရှင်းနိုင်တဲ့ သမိုင်းအစဉ်အလာတစ်ခုကို ပိုင်ဆိုင်ထားနိုင်တဲ့ မန်ယူအသင်းအတွက် ယခုနှစ်ရာသီ ရလဒ်ဆိုးတွေ ပိုင်ဆိုင်နေတာကိုကြည့်မယ်ဆိုရင် ၁၉၉၂-၉၃ တုန်းက နှစ်ပွဲရှုံး တစ်ပွဲသရေ တာထွက်ထက် ၂ မှတ်တောင်ပိုသာနေပါသေးတယ်။

Share

က္က