အေးမြတ်သူတစ်ယောက် မခိုင်လေးက မျောက်မူးလဲ လို့ ပြောတာကို စိတ်မဆိုးပါဘူးတဲ့။ မခိုင်လေးနဲ့ ပုံစံချင်းကလည်း ခပ်ဆင်ဆင်၊ ခရီးတွေ အတူတူထွက်နေရရင်တောင်ပျော်မိတယ်လို့ဆိုပါတယ်။
Photo; Zaw Myo Htet
အေးမြတ်သူတစ်ယောက် သူနဲ့ ပုံစံတူတဲ့ မင်းသမီးကတော့ ခိုင်သင်းကြည်ပါတဲ့။ ခိုင်သင်းကြည်ကိုလည်း အစ်မတစ်ယောက်လို အရမ်းချစ်သလို ခရီးတွေ အတူတူထွက်နေရရင်လည်း အရမ်းပျော်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ မခိုင်လေးနဲ့ အရင်တုန်းကဆို ခရီးတွေ အတူတူသွားဖြစ်တယ်။ ဟိုတယ် တစ်ခန်းတည်း အတူတူနေကြတယ်။ ဈေးလည်း အတူတူဝယ်တယ်။ မှတ်မှတ်ရရ ဘန်ကောက်မှာ ဈေးဝယ်တာ ပလက်တီနမ်ထဲမှာ ဝယ်တာဆိုတော့ ဝတ်ကြည့်လို့မရဘူးလေ။ အဲဒီတော့ အစ်မ ဝယ်လိုက်ပေါ့ အစ်မနဲ့ မတော်ရင် သမီး ပြန်ဝယ်မယ်ပေါ့။ ဝယ်လာပြီး ဟိုတယ်ရောက်လို့ ဝတ်လိုက်တော့ မတော်ဘူး နင်ပြန်ဝယ်ဆိုတော့ ဟင် ဝယ်ဈေးရရင် ဝယ်မယ်လို့ ဆိုပြီးပြောလိုက်ရော။ အစ်မနဲ့ အေးမြတ်သူရဲ့ ပုံစံက တစ်သားတည်းကျတယ်။ ခရီးအတူတူထွက်ရင် ပိုပျော်ဖို့ကောင်းတယ်။” လို့ သူကဆိုပါတယ်။
Photo: Khine Thin Kyi
ခိုင်သင်းကြည်ကလည်း အေးမြတ်သူနဲ့ စိတ်ဆိုးစိတ်ကောက်တာမျိုး မရှိဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ The Mask Singer Myanmar မှာ ခိုင်သင်းကြည်က အေးမြတ်သူကို မျောက်မူးလဲ လို့ စနောက် ခဲ့တာကိုလည်း အေးမြတ်သူက စိတ်မဆိုးပါဘူးတဲ့။
“ အစ်မကို အရမ်းချစ်တယ်လေ။ ကိုယ်တွေ နှစ်ယောက်က ပုံစံတူတယ်၊ စကားပြောမြန်မာတူတယ်၊ ဘယ်လောက်စားစား မဝတာ တူတယ်။ အစ်မဆီကလည်း အများကြီး သင်ယူရတာတွေရှိတယ်။ အစ်မက အရမ်းကို သွက်လက်ချက်ချာတယ်။ ကိုယ်တွေထက် အသက်ကြီးပေမယ့် ကိုယ့်ထက် ငယ်သယောင်တောင် ထင်ရတယ်။ ကိုယ်နဲ့ Type တူတော့ ချစ်တယ်။ အစ်မက မျောက်မူးလဲလို့ပြောရင်လည်း အေးမြတ်သူက သဘောကျတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကမ္မဖလ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Aye Myat Thu
အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။