သူမရဲ့ ရည်မှန်းချက်တွေကို အခုလို ပြောပြလာပါတယ်။
သဉ္ဇာက ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို အစ်မဖြစ်သူ ဝါဆိုမိုးဦးရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် ပျော်ရွှင်နေရတယ်လို့ ဆိုပါတယ်။ သူမက အခုဆိုရင် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်လို့နေပါပြီ။

Photo: Thinzar

သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ ညီမငယ်လေး သဉ္ဇာက အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ သူမကို အစ်မဖြစ်တဲ့ ဝါဆိုမိုးဦးက သင်ပြ၊ ပြောပြပေးတာတွေရှိတယ်လို့ Duwun Media ကနေဖြေဆိုခဲ့ပါတယ်။

‘’ မမကကျတော့ သဉ္ဇာ့ကို ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး တိုက်တွန်းတဲ့အထဲမှာ မပါဘူး။ ဒါပေမယ့် အစ်မက ညီမကို အနုပညာနဲ့ ပတ်သက်လာလို့ရှိရင် ဘယ်လိုတွေ လုပ်ဆိုတာမျိုး သင်ပေးတယ်။ အဝတ်အစား ပိုင်းဆု ိရင်လည်း သူ့နေရာနဲ့သူ ဘယ်လို ဝတ်စားရမယ်ဆိုတာတွေ သင်ပေးတယ်’’ လို့ ဆိုပါတယ်။

Photo: Thinzar

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အစ်မဖြစ်သူ ဝါဆိုမိုးဦးရဲ့ ပံ့ပိုးပေးမှုတွေကြောင့် ပျော်ရွှင်ရတယ်လို့ L’Oreal ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ Feeling ကတော့ ကိုယ့်အစ်မတစ်ယောက်လုံး ကိုယ့်အတွက် Supporting လည်း လုပ်ပေးတယ်။ ကိုယ့်ဘက်ကလည်း ရပ်တည်ပေးတယ်ဆိုတော့ ဘယ်သူမဆိုအတိုင်းမသိပျော်တယ်။ ဝမ်းလည်း ဝမ်းသာတာပေါ့နော်’’လို့ သူကဆိုပါတယ်။

Photo: Thinzar

သဉ္ဇာဟာ ချစ်စရာကောင်းသူလေးလည်းဖြစ်သလို၊ အသားအရေနဲ့ ခန္ဓာကိုယ်ကလည်း ပြောစရာမလိုအောင်လှပါတယ်။ အချစ်ရေးထက် ပညာရေးကို ပိုဦးစားပေးသွားမယ်လို့ သူကဆိုပါတယ်။

‘’အချစ်ရေးမှာတော့ သဉ္ဇာက နည်းနည်းငယ်သေးတော့ စိတ်လည်းမဝင်စားသေးဘူး။ ပညာရေးကို ဦးစားပေးတယ်။ ပြီးတော့ အနုပညာမှာ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ချင်တာပါ။ အစ်မတို့ စုံတွဲကို အားကျတယ်။ သူတို့ပျော်တာကို ကြည့်ပြီး ပျော်ရတာပေါ့နော်’’ လို့ ပြောပါတယ်။

Photo: Thinzar

သဉ္ဇာ့(Thinzar)ကိုတော့ ဝါဆိုမိုးဦးရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အမှတ်တရ ဓာတ်ပုံလေးတွေကနေတဆင့် ဝါဆိုရဲ့ ညီမအရင်းလေးဖြစ်ကြောင်း ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ အခုဆိုရင် သဉ္ဇာက Music Video တွေလည်း ရိုက်ကူးနေရတာဖြစ်သလို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေလည်း ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ 

Share

Loading Next Article...
က္က