သူတို့ ချစ်သူသက်တမ်းဟာ ၁ နှစ်ကျော်ရှိပါပြီ။

မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂျာမနီနိုင်ငံသား အနုပညာရှင် Mikis Weber က မြန်မာနဲ့ဂျာမနီ အချင်းချင်း ချစ်ကြတာ ဘာဖြစ်လို့လဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

Photo: A Linn Young



ပရိသတ်အားပေးမှုရရှိထားတဲ့ ဂျာမနီနိုင်ငံသားလေး Mikis ကတော့ သူခံယူထားတဲ့ အချစ်အကြောင်းကို အခုလို အဓိပ္ပာယ်ဖွင့်ဆိုလာပါတယ်။ သူနဲ့ မြန်မာနိုင်ငံက ချစ်သူကောင်မလေး ဆုဆုဝေတို့ရဲ့ ချစ်သူသက်တမ်းဟာ ၁ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

‘’မြန်မာနှင့်ဂျာမဏီ အချင်းချင်း ချစ်နေကြတယ်။ ဘာဖြစ်တာလဲ။ တချို့လူတွေက ဒါကို လက်မခံနိုင်ကြဘူး ။တချို့လူတွေက မျက်စိအမြင်ကို တမင် မမြင်ချင် ကန်းချင်ယောင်နေတယ်လို့မြင်တယ်။ အချစ်မှာ မျက်စိမရှိဘူးလေ ။ အချစ်မှာ အသားအရောင်ရော ဘာသာရော ဘာမှ မရှိဘူးနော်’’ ဆိုပြီးတော့ မေလ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Mikis

Mikis ကိုတော့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ ဂျာမနီနိုင်ငံသား အဆိုတော်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာရသူပါ။ အခုဆိုရင်တော့ သူ့ရဲ့ တရားဝင်ချစ်သူလေး ဆုဆုဝေကို ပရိသတ်နဲ့ မိတ်ဆက်ပေးထားပါတယ်။ Mikis ဟာ ချစ်သူလေးကို ဂျာမနီမှာရှိတဲ့ မိဘတွေ၊ ဆွေမျိုးတွေနဲ့လည်း မိတ်ဆက်ပေးထားပြီးပြီလို့ သိရပါတယ်။

Photo: Mikis

Mikis ရဲ့ နာမည်အပြည့်အစုံကတော့ Mikis Weber ဖြစ်ပါတယ်။ Mikis က သူ့အတွက် ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်တဲ့ ‘’မန္တလာမြေမှ ပန်းသစ္စာ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူူးထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ မျိုးဇော်အောင်ရိုက်ကူးထားတာဖြစ်ပြီး မင်းဦး၊ Mikis Weber ၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်၊ အိချောပို နဲ့ ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်ထားတာပါ။ က်ရှိမှာလည်း Mikis က သီချင်းအသစ်တွေ ဖန်တီးနေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က