သရဲကြောက်တတ်တာ၊ ဖားကြောက်တတ်တာ၊ ကြွက်ကြောက်တတ်တာတွေ။

ဆွိဝတ်ရည်သောင်း တစ်ယောက်ကတော့ နှင်းဝတ်ရည်သောင်းရဲ့ သရဲကြောက်လွန်းတတ်ပုံ၊ အေးဝတ်ရည်သောင်းရဲ့ ဖား ကြောက်တတ်လွန်းပုံတွေကို ပြောပြလာပါတယ်။ သူကိုယ်တိုင်ပြောရင်း သူကိုယ်တိုင်ပဲ ပြန်သဘောကျခဲ့မိပါသေးတယ်။

Photo: Sweet Wutt yi thaung

နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည်သောင်းတို့ရဲ့ ကြောက်တတ်တဲ့ အရာလေးတွေကို အငယ်ဆုံးလေး ဆွိဝတ်ရည်သောင်းက Duwun Media ကနေ ပြောပြလာပါတယ်။ ဒီအထဲမှာမှ အကြီးဆုံး မမဖြစ်တဲ့ နှင်းဝတ်ရည်သောင်းက သရဲအရမ်းကြောက်တတ်တယ်လို့ ဆိုပါတယ်။

‘’အကြီးမက သရဲအရမ်းကြောက်တယ်၊ သူက သရဲကားကို အရမ်းကြိုက်တယ်။ သရဲကားကြည့်ရင် ရှေ့ဆုံးမှာကြည့်တယ်၊ စောင်ခြုံထားတယ်။ ပြီးရင် တစ်ခန်းတောင်မရောက်သေးဘူး သူ့ကိုကြည့်လိုက်ရင် နောက်ဆုံးကို ရောက်နေပြီ။ စာတန်းပဲ ထိုးရသေးတယ် သူ့ကိုကြည့်လိုက်ရင် အမြဲတမ်းနောက်ဆုံး ရောက်သွားတယ်။ သူ့ကိုဆို ဆွိတို့ ခဏခဏ သရဲခြောက်တယ်။ တစ်ခါတလေ မေ့လဲသွားတဲ့အထိအောင်ခြောက်တယ်။ ဆေးထိုးတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Sweet Wutt yi thaung

အဲဒီနောက် ဖားအရမ်းကြောက်တတ်သော မအေးသောင်း အကြောင်းကိုလည်း ဆွိဝတ်ရည်သောင်းက ပြောပြခဲ့ပြန်ပါတယ်။ Bio သမားတစ်ယောက်ဖြစ်တဲ့ ဆွိဝတ်ရည်သောင်းက မအေးသောင်းကို ဖားနဲ့ ခဏခဏစတယ်တဲ့။ 

‘’အလတ်မကကျတော့ ဖားအရမ်းကြောက်တယ်။ သူ့ကို ဖားနဲ့ခဏခဏတို့တာ ဆွိပဲ တို့တာ။ ပြီးတော့ ဖားပျံအရမ်းကြောက်တာ။ ဖားပျံကလည်း သူ့နားမှာပဲနေတယ်။ ဆွိတို့ တစ်အိမ်လုံးမှာကြည့်လိုက် ဖားက ဘယ်နေရာမှာ မှ မရှိဘူး၊ သူ့အိပ်ခန်းက ခေါင်းရင်းလေးမှာပဲ ကပ်နေတာ ထူးထူးဆန်းဆန်း။ ဆွိအမြဲတမ်းစလို့ တစ်ခါ သူ အရမ်းကြောက်ပြီး ဘီရိုပေါ်တပ်ပြေးသွားတာ ဘယ်လို အပေါ်ရောက်သွားမှန်းမသိဘူး။ ပြန်ဆင်းတော့ ခက်ခက်ခဲခဲ ပြန်ဆင်းရမယ်ထင်တယ်’’ ဆိုပြီးတော့ သူတို့မိသားစုလေးရဲ့ စတုဒီသာအလှူမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Sweet Wutt yi thaung

အစ်မဖြစ်သူတွေရဲ့ကြောက်တတ်လွန်းတဲ့အရာတွေကို ပြောပြခဲ့ပြီးတဲ့နောက်မှာတော့ သူမကိုယ်တိုင် ကြောက်ရတဲ့အရာလည်း ရှိတယ်လို့ ဆွိဝတ်ရည်သောင်းက ပြောပါတယ်။ ဒါကတော့ ကြွက်ပါတဲ့။

‘’ဆွိကြောက်တာက ကြွက် ၊ သူတို့ကလည်း ကြွက်နဲ့ ခဏခဏစတယ်။ အရင်တုန်းက မကြောက်ဘူး ဘယ်မှာကြောက်သွားလဲဆိုတော့ ကြွက်မြှီးတန်း ကို တစ်ခါမြင်လိုက်ရပြီးကတည်းက ဘာဖြစ်သွားမှန်းကို မသိဘူး။ အသည်းယားတာ။ အိမ်ထဲမှာ ကြွက်မရှိဘူး။ အပြင်မှာပဲရှိတာ တစ်ခါဆို ဆွိ လက်ဆေးနေရင်းနဲ့ ခြေထောက်အပေါ်ကနေဖြတ်သွားတာ။ ဘာဖြစ်လို့လည်း မသိဘူး ကြွက်တွေကလည်း ဆွိအနားမှာပဲရှိနေတယ်’’ လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Sweet Wutt yi thaung

ဆွိဝတ်ရည်သောင်းကိုတော့ တစ်ချိန်က သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ ပညာရေးဘက်ကို ဦးစားပေးပြီး ကြိုးစားနေတဲ့အချိန်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင်သီချင်းလေးတွေ ဖန်တီးပြီး ဂီတလောကထဲမှာ အောင်မြင်ဖို့အတွက် ကြိုးစားနေသူလေးဖြစ်ပါတယ်။

Share

Loading Next Article...
က္က