ပြီးခဲ့တဲ့နှစ်က ခါဘစ်နဲ့ ပူတင်တို့ တွေ့ဆုံမှုမှာ ခါဘစ်က ပူတင်ကို သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဒါဂန်စတန်မှာ ပညာရေး အသုံးစရိတ် အနည်းငယ် မြှင့်တင်ပေးဖို့ တောင်းဆိုခဲတာဖြစ်ပါတယ်။
ရုရှားနိုင်ငံ ဒါဂန်စတန် ပြည်နယ်မှာ ပေါင် ၇ သန်းတန် ကျောင်းတစ်ကျောင်း ဆောက်လုပ်ပြီး အဆိုပါကျောင်းကို UFC လိုက်ဝိတ်ချန်ပီယံ ခါဘစ် နာမာဂိုမီဒေါ့ဗ်နာမည်ပေးအပ်သွားမယ်လို့ ရုရှားသမ္မတ ပူတင်က အတည်ပြု ထုတ်ပြန်ခဲ့တဲ့အကြောင်း Daily Mail ကဖော်ပြလာပါတယ်။
အသက် ၃၀ နှစ်အရွယ် UFC ဖိုက်တာ ခါဘစ်အနေနဲ့ ပြီးခဲ့တဲ့နှစ်က ကမ္ဘာကျော် ဖိုက်တာ မက်ဂရီဂေါကို အနိုုင်ယူနိုင်ခဲ့တာကြောင့် သမ္မတ ပူတင်ရဲ့ ပုဂ္ဂိုလ်ရေး ဂုဏ်ပြုမှုကို ရရှိခဲ့သူပါ။
ဂုဏ်ပြုတွေ့ဆုံစဉ်က ခါဘစ်အနေနဲ့ သမ္မတပူတင်ကို ဖြစ်နိုင်ရင် ဒါဂန်စတန်ပြည်နယ်က ပညာရေး အသုံးစရိတ်ကို အနည်းငယ် မြှင့်တင်ပေးစေလိုကြောင်းတင်ပြခဲ့ဖူးတယ်လို့ ခါဘစ်ရဲ့ အဖေဖြစ်သူကပြောခဲ့ပါ တယ်။
လက်ရှိမှာတော့ သမ္မတပူတင်က ခါဘစ်ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဒါဂန်စတာ ပြည်နယ်မှာ ပေါင် ၇.၃ သန်း တန်ကြေးရှိတဲ့ ကျောင်းတစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းသွားတော့မှာ ဖြစ်ပါတယ်။
“ ဒီငွေတွေကကျွန်တော့် ပြည်နယ်က ကလေးတွေရဲ့ မျှော်လင့်ချက်တွေ ပိုမို ခိုင်မာလာပါတော့မယ်၊ ကောင်းမွန်တဲ့ စာသင်ကြားမှုတွေလည်း ရလာတော့မယ်လို့ ယုံကြည်ပါတယ်။” လို့ ခါဘစ်က ပြောခဲ့ ပါသေးတယ်။
ခါဘစ်အနေနဲ့ ကမ္ဘာကျော် ဖိုက်တာ မက်ဂရီဂေါကို ပြီးခဲ့တဲ့ အောက်တိုဘာလက ထိုးသတ်ခဲ့တဲ့ လိုက်ဝိတ်တန်း ချန်ပီယံခါးပတ်ပွဲမှာ အနိုင်ယူပြီး လိုက်ဝိတ် ချန်ပီယံ ဖြစ်လာတာပါ။
ပွဲအပြီး ခိုက်ရန် ဖြစ်ပွားမှုတွေ ဖြစ်ပေါ်ခဲ့လို့ ၉ လပွဲပယ်နဲ့ ပေါင် ၃၈၀၀၀၀ ပေးဆောင်ဖို့ ဒဏ်ရိုက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ခါဘစ်အနေနဲ့ လာမယ့် စက်တင်ဘာမှာ ကြားဖြတ်ချန်ပီယံ ဒက်စတင်နဲ့ အဘူဒါဘီမှာ ပြန်လည် စတင်ထိုးသတ်သွားဖို့ တွဲဆိုင်း စီစဉ်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။