သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။

မယ်လိုဒီက အခုချိန်မှာ စိတ်ဖိစီးမှုတွေ များနေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးမကောင်းတဲ့ အမေရယ်၊ ခင်ပွန်းရယ်၊ သားရယ်ကို ထားခဲ့ပြီး ခရီးထွက်နိုင်ဖို့ကလည်း သူမအတွက် အခက်အခဲဖြစ်စေပါတယ်တဲ့။

Photo: မယ်လိုဒီ



မယ်လိုဒီက စိတ်ဖိစီးမှုတွေများနေတဲ့ သူမရဲ့ ခံစားချက်တွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ စိတ်ထွက်ပေါက်အနေနဲ့ ခရီးသွားမယ့် အစီအစဉ်ကလည်း မဖြစ်မြောက်ခဲ့ပါဘူးလို့ ဆိုပါတယ်။

‘’စိတ်ဖိစီးမှုများလို့ သူငယ်ချင်းတွေနဲ့ ၃ ရက်လောက်ခရီးထွက်မယ်ပေါ့။ အမေလည်းဆေးရုံတင်ရ၊ သားလည်း နေမကောင်းလို့ ကျောင်းတစ်ပတ်နားရ၊ ကိုယ်တိုင်လည်း ပင်ပန်းလို့ မီးဖိုချောင်ထဲ မူးလဲ။ အခုတော့ အားလုးံ ငြိမ်သက်စပြုလာပေမယ့် ကိုယ်ဟာ ပိတ်လှောင်နေတုန်းပါ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၉ နာရီ ၅၁ မိနစ်ကသူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: မယ်လိုဒီ

အဲဒီနောက် ကျန်းမာရေးမကောင်းတဲ့ မိခင်ရယ်၊ ခင်ပွန်းရယ်၊ သားရယ်ကို ထားခဲ့ပြီး ခရီးထွက်ဖို့ကိုလည်း ခက်ခဲတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

‘’၁၅၀၀ ကို အထာကျကျချစ်နိုင်ပေမယ့် ၅၂၈ မှာဘဝက အကြိမ်ကြိမ် သေနေရပြန်တယ်။ လင်ပစ်၊ သားပစ်၊ အမေပစ်ပြီး ၃ ရက်လောက် ခရီးထွက်နိုင်ဖို့ ဘာလို့များ ခက်ခဲနေရတာလဲ မယ်လိုဒီရယ်။ သွားနိုင်တဲ့စိတ် အရင်မွေးရမယ်လေ ဟူ’’ ဆိုပြီးတော့ ဆက်လက်ရေးသားထားပါသေးတယ်။

Photo: Amazing Grace

မယ်လိုဒီဟာ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သူချစ်ရတဲ့ခင်ပွန်း ကိုသာကောင်းက စီးပွားရေးသမားတစ်ယောက် ဖြစ်ပါတယ်။ သူချစ်ရတဲ့ သားလေး သိဒ္ဓိစစ်ကတော့ ကျောင်းတက်နေတဲ့အရွယ်ဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးပါ။

Photo: မယ်လိုဒီ

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကို လူမှုကွန်ရက်ပေါ်မှာ မကြာခဏ တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်ကို ချစ်ကြပါတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးနေတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က