ကယ်လီဖိုးနီးယားမြောက်ပိုင်း ခရိုင်တရားရုံးမှာ တရားစွဲထားတာပါ

နာမည်ကြီး အစ္စရေးဆိုက်ဘာကုမ္ပဏီတစ်ခုဖြစ်တဲ့ NSO Group ကို Apple ကုမ္ပဏီက တရားစွဲထားတယ်လို့ ဆိုပါတယ်။

NSO Group ဟာ အစိုးရအေဂျင်စီတွေအတွက် iPhone တွေ Unlock လုပ်ပြီး အထဲက ဒေတာတွေ ယူပေးတဲ့ ကုမ္ပဏီအဖြစ် နာမည်ကြီးပါတယ်။ အဲ့ဒီဒေတာတွေထဲမှာ မက်ဆေ့တွေ ၊ အသံဖိုင် ၊ ဓါတ်ပုံ နဲ့ တခြားဆက်သွယ်ထားတဲ့ အချက်အလက်တွေ ရယူတာမျိုးလည်း ပါဝင်ပါတယ်။ ဒီအစ္စရေးကုမ္ပဏီထုတ် Pegasus ဆော့ဖ်ဝဲလ်ဟာ iPhone နဲ့ Android ထုတ်ကုန်တွေထဲက အချက်အလက်တွေ ဆွဲထုတ်ယူတာ ၊ မိုက်ခရိုဖုန်းနဲ့ ကင်မရာတွေကို လျှို့ဝှက် Activate လုပ်ပြီး ထောက်လှမ်းနိုင်စွမ်း ရှိပါတယ်။




Photo: presstv

၂၀၂၁ နှစ်ဆန်းပိုင်းက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့အဆိုအရ ဂျာနယ်လစ်တွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေနဲ့ ဆိုင်တဲ့ iPhone မော်ဒယ်တွေဟာ NSO Group ထုတ် malware တစ်ခုဖြစ်တဲ့ Pegasus ဆော့ဖ်ဝဲလ်ကူးစက်ခံထားရကြောင်း တွေ့ထားတယ်လို့ ထုတ်ပြန်ပါတယ်။ Apple ဟာ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ် ၊ ဝန်ဆောင်မှု နဲ့ ထုတ်ကုန်တွေကို NSO Group ကနေ ယူမသုံးနိုင်အောင် ထာဝရပိတ်ပင်ဖို့ ကြိုးစားနေတာပါ။ 

NSO Group နဲ့ သူ့ရဲ့ မိခင်ကုမ္ပဏီ OSY Technologies တို့ဟာ Apple သုံးစွဲသူတွေကို ပစ်မှတ်ထား စောင့်ကြည့်မှုအတွက် တာဝန်ရှိတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ "နောက်ထပ် သုံးစွဲသူတွေအပေါ် တလွဲလုပ်တာ ၊ အန္တရာယ်ဖြစ်စေတာတွေကနေ ကာကွယ်ဖို့ Apple ရဲ့ ဘယ် Software ၊ services နဲ့ ထုတ်ကုန်မျိုးမဆို NSO Group အသုံးပြုခြင်းကနေ ထာဝရပိတ်ပင်ဖို့ လုပ်နေပါတယ်"လို့ Apple က ထုတ်ပြန်ပါတယ်။ 

ကယ်လီဖိုးနီးယားမြောက်ပိုင်ခရိုင် တရားရုံမှာ တရားစွဲဆိုထားပြီး ထိခိုက်နစ်နာမှုတွေအတွက်လည်း ဒေါ်လာ ၇၅၀၀၀ ကျော် လျော်ကြေးတောင်းသွားမယ်လို့လည်း CNBC သတင်းမှာ ဖော်ပြထားပါတယ်။iPhone ထဲက ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို NSO Group ဆော့ဖ်ဝဲလ်ကနေ ယူနိုင်တဲ့ Zero-Click Attack ယိုပေါက်တွေကို ပိတ်ထားတယ်လို့လည်း Apple က ဆိုပါတယ်။ 

Photo: USA Today



NSO Group ကတော့ ကုမ္ပဏီရဲ့ Hacking Tools ဟာ အကြမ်းဖက်သမားများ နဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို ပစ်မှတ်ထားတယ်လို့ ငြင်းဆန်ထားပေမယ့် တက်ကြွလှုပ်ရှားသူ ၊ နိုင်ငံရေးသမားနဲ့ ဂျာနယ်လစ်တွေကို ထောက်လှမ်းရာမှာလည်း တရားမဝင် အသုံးပြုတာမျိုး ရှိနေပါတယ်။ NSO Group ရဲ့အဆိုအရ Pegasus ဆော့ဖ်ဝဲလ်ကို လူ့အခွင့်အရေးမှတ်တမ်းကောင်းတွေ ရှိထားတဲ့ နိုင်ငံတွေက စစ်တပ် ၊ ဥပဒေစိုးမိုးရေးနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေကိုပဲ ထောက်ပံ့တာ ဖြစ်တယ်လို့ ပြောထားပါတယ်။ 

Share

Loading Next Article...
က္က