ဖေဖေါ်ဝါရီလမှာ အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ်ကို ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို တဲလ်အဗစ်မြို့မြောက်ဘက်ရှိ ၎င်းရဲ့နေအိမ်မှာ သေဆုံးလျက်သားတွေ့ရတယ်လို့ ဆိုပါတယ်။

(အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ တွေ့ရသည့် တရုတ်သံအမတ်) (Photo: MFA)

တရုတ်သံအမတ်ကြီး ဒူဝေ (Du Wei) သေဆုံးမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း၊ သို့သော် ကနဦး စစ်ဆေးတွေ့ရှိမှုတွေအရ ရာဇဝတ်မှုနဲ့ဆက်စပ်တဲ့ လက္ခဏာမတွေ့ရဘူးလို့ အစ္စရေးတာဝန်ရှိသူတွေက BBC သတင်းဌာနကို ပြောပါတယ်။ အသက် ၅၇ နှစ်အရွယ် ဒူဝေဟာ ယခုနှစ် ဖေဖေါ်ဝါရီလက အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။



၎င်းဟာ ယခင်က ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ယူခဲ့ကြောင်း သိရပါတယ်။ သံအမတ်ကြီး ဒူဝေဟာ အိမ်ထောင်သည်ဖြစ်ပြီး သားတစ်ဦးရှိပေမဲ့ ၎င်းရဲ့မိသားစုကို အစ္စရေးမှာ အတူလိုက်ပါနေထိုင်ခြင်း မရှိသေးပါဘူး။ တရုတ်သံအမတ်က တဲလ်အဗစ်မြို့မြောက်ဘက် ၆ မိုင်ကျော်အကွာရှိ ဟာ့ဇ်လီယာမြို့မှာ နေထိုင်ခဲ့ပါတယ်။

(Photo: Avshalom Sassoni/Flash90)

အစ္စရေးရုပ်သံသတင်းဌာန Channel 12 TV က အမည်မဖော်တဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြမှုအရ တရုတ်သံအမတ်ကြီး ဒူဝေဟာ အိပ်ပျော်နေစဥ် ရောဂါတစ်ခုခုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သံအမတ်သေဆုံးမှုနဲ့ ပတ်သက်ပြီး လက်ရှအချိန်အထိ တရုတ်အစိုးရ တာဝန်ရှိသူတွေထံမှ မှတ်ချက်တစ်စုံတစ်ရာ မရှိသေးပါဘူး။ တရုတ်သံအမတ်ကြီး ဒူဝေဟာ အစ္စရေးကို ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ရောက်ရှိလာခဲ့ပြီးနောက် COVID-19 ကာကွယ်တားဆီးရေး စည်းမျဥ်းစည်းကမ်းအရ သီတင်းနှစ်ပတ်ကြား အသွားအလာ ကန့်သတ်နေထိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

Source: Times of Israel, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က