နေတိုးတားတာတောင် မမီလိုက်တော့ဘူး။

ဝတ်မှုံရွှေရည်က စရင်းနောက်ရင်းနဲ့ နေတိုးရဲ့အသက်ကို ပြောလိုက်တာပါ။ အဲ့ဒီဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ထည့်ပေးထားတယ်နော်။

Photo : ဝတ်မှုံရွှေရည်



ဝတ်မှုံရွှေရည်က သူ့ရဲ့ IG Stories လေးမှာ နေတိုးရဲ့အသက်ကို မထင်မှတ်ဘဲ ပြောလိုက်မိတာပါ။ ရှုတင်ပြီးသွားလို့ ရှုတင်တစ်ဖွဲ့သားလုံး ပျော်နေသလို ဝတ်မှုံရွှေရည်ကလည်း ရှုတင်ပြီးလို့ ပျော်နေကြောင်းကို သူ့ရဲ့ IG Stories မှာ ဗီဒီယိုလေးရိုက်ပြီး တင်ခဲ့ပါတယ်။ သူရိုက်ထားတဲ့ ဗီဒီယိုထဲမှာ နေတိုးလည်း ပါသလို သူဗီဒီယိုရိုက်နေတာကို နေတိုးတစ်ယောက် အနောက်ကနေ လိုက်စခဲ့တာပါ။



Photo : ဝတ်မှုံရွှေရည်

စရင်းနောက်ရင်းနဲ့ အသက်တွေ ပြောတဲ့အကြောင်း ရောက်ရင်း နေတိုးရဲ့ အသက်ကို ဝတ်မှုံရွှေရည်က မထင်မှတ်ဘဲ ပြောလိုက်မိခဲ့တာပါ။ ကင်မရာက နေတိုးဘက်က လှည့်ရင်း ဒါက အသက်(၄၅)လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ သူရဲ့ စကားကို နေတိုးက ပြန်တုန့်ပြန်တဲ့အနေနဲ့ သားသားပါ ဆိုပြီး စနောက်ပြီး ပြန်ပြောခဲ့ပါသေးတယ်။ ဝတ်မှုံရွှေရည်က ဇာတ်ကားထဲက နေတိုးရဲ့ကာရိုက်တာ အသက်အရွယ်ကို စနောက်ပြီး ပြောလိုက်ပုံပါပဲ။ အားလုံးသိထားတာကတော့ နေတိုးရဲ့ အသက်က(၃၈)နှစ်ပါ။

Photo : ဝတ်မှုံရွှေရည်

သူတို့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ပရိသတ်တွေ သဘောကျလို့နေပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် နှစ်ယောက်ဖြစ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ဟာ လက်ရှိမှာ “မြက်နု” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ ပါဝင်သရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အနုပညာမောင်နှမတွေဖြစ်တဲ့ သူတို့နှစ်ဦးစလုံးဟာ ရုပ်ရှင်ဇာတ်ကားတွေများစွာမှာ အတွဲညီညီနဲ့ ကျရာဇာတ်ရုပ်များကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားနဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။

Photo : ဝတ်မှုံရွှေရည်

နေတိုး(Nay Toe)ဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။နေတိုးဟာ အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

ထို့အပြင် ဝတ်မှုံရွှေရည်(Wutt Mhone Shwe Yi) ဟာလည်း  ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က