မော်ရင်ဟိုကို ထုတ်ပယ်သင့်ပြီဆိုတဲ့ပို့စ်ကို Like ပေးမိတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင် အန်တိုနီယိုဗလင်စီယာဟာ နည်းပြမော်ရင်ဟိုကို ရာထူးကနေထုတ်ပယ်ဖို့အတွက် ရေးသားထားတဲ့ အင်စတာဂရမ်က ပို့စ်တစ်ခုကို Like ပေးမိတဲ့အတွက် တောင်းပန်ခဲ့ရတယ်လို့ သိရပါတယ်။ ယင်းပို့စ်ကို တင်ခဲ့တဲ့အကောင့်ဟာ ဗလင်စီယာကို ရည်ညွှန်းပြီး 'teamvalencia25'လို့ နာမည်ပေးထားပြီး ဗလင်စီယာအသင်းနဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ဖို့အတွက် ရေးသားထားတဲ့ပို့စ်ကို တင်ခဲ့တာဖြစ်ပါတယ်။



Photos: Malay Mail

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗလင်စီယာဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဗလင်စီယာအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ထိရောက်တဲ့ ဖြတ်တင်ပေးပို့မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ဂွဲဒက်စ်ကိုသာ အသည်းအသန်ထိန်းချုပ်ဖို့ ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ ယင်းပွဲစဉ်အပြီးမှာ ဗလင်စီယာရဲ့ ပရိသတ်တစ်ဦးလို့ ယူဆရတဲ့အင်စတာဂရမ်အကောင့်တစ်ခုဟာ ဗလင်စီယာရဲ့ပုံတွေကို အသုံးပြုပြီး မော်ရင်ဟိုကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့အချိန်တန်ပြီလို့ ရေးသားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာဟာ ယင်းပို့စ်ကို Like ပေးခဲ့ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ ယင်းပို့စ်ထဲမှာ "ဒီပွဲရဲ့ နောက်ဆုံးရလဒ်ထွက်လာတဲ့အချိန်မှာ ကျွန်တော် အံ့တောင်မအံ့သြမိပါဘူး"

Photos: Daily Mail

 

"ကျွန်တော် အမြဲတမ်း ကျွန်တော်တို့ရဲ့ နောက်ထပ်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်တွေကိုပဲ ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးမီက မော်ရင်ဟိုဟာ ကျွန်တော်တို့ကို အပြစ်ပေးခြင်း ပြုလုပ်ဖို့ စောင့်ကြည့်နေခဲ့ပါတယ်။ တစ်စုံတခုကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ မော်ရင်ဟို ထွက်သွားရတော့မယ့် အချိန်ရောက်လာပါပြီ"လို့ ရေးသားထားပါတယ်။

ဗလင်စီယာက ယင်းပို့စ်ကို Like ပေးခဲ့မိတဲ့ကိစ္စနဲ့ပတ်သက်ပြီး တွစ်တာမှာ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပြီး အဖြစ်မှန်ကို အခုလိုပဲ ရှင်းလင်းခဲ့ပါတယ်။

"မနေ့က အင်စတာဂရမ်မှာ ပုံနဲ့တွဲလျက်တင်ထားတဲ့ ပို့စ်တစ်ခုကို ကျွန်တော် စာမဖတ်ဘဲနဲ့ Like လုပ်ခဲ့မိပါတယ်"

"အဲဒီထဲကရေးထားတဲ့စာတွေက ကျွန်တော့်ရဲ့အမြင်မဟုတ်ပါဘူး။ အဲဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်ဟာ နည်းပြနဲ့ အသင်းဖော်တွေကို အပြည့်အဝ အားပေးထောက်ခံနေတဲ့သူပါ။ ကျွန်တော်တို့အားလုံးဟာ ရလဒ်တွေ တိုးတက်လာဖို့အတွက် အရာအားလုံးကို ပေးနေကြတဲ့သူတွေပါ"လို့ ရေးသားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က