မေလ ၇ ရက်နေ့မှာပဲ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါပြီ။

သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီနေ့ (မေလ ၇) ရက်နေ့မှာပဲ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီဖြစ်လို့ ဖခင်ဖြစ်သူ ဦးအောင်ရင်ကတော့ အပျော်ကြီးပျော်နေတာကို တွေ့ရပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ဟာ ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီလိ့ု သိရပါတယ်။ ဖခင်ဖြစ်သူ အဆိုတော် အောင်ရင်က သူရဲ့ဝမ်းသာပီတိတွေကိုလည်း အခုလိုပြောပြလာပါတယ်။

‘’ကျွန်တော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေ ဒီနေ့လွတ်မြောက်ပါပြီခင်ဗျာ။ လွတ်မြောက်ခွင့်ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူလူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာ ပို့သပေးကြသူများအားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကျွန်တော်တို့မိသားစုကို စောင့်လျှောက်ဖေးမ ကူညီကြသူများအားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပဲတင်ရှိပါတယ် ခင်ဗျာ’’ ဆိုပြီးတော့ မေလ ၇ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မိုးအောင်ရင်ကို ချစ်တဲ့ ပရိသတ်တွေကလည်း ဦးအောင်ရင်ရဲ့ Post အောက်က Comment ကနေတဆင့် ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းတွေ ပြောထားကြပါသေးတယ်။ သရုပ်ဆောင်မိုးအောင်ရင်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ပုဇွန်တောင်မြို့နယ် တရားရုံးမှမူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှုသုံးစွဲမှု ပုဒ်မများဖြင့် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးကမူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ -၁၉ (က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ်ထပ်မံချမှတ်ခဲ့တာကြောင့် စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ၁၇ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ သူ့ရဲ့ရည်စားဖြစ်သူ နေအိမ်မှာ အိုက်စ်မူးယစ် ဆေးဝါး ၁ ဂရမ်နှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က