သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံနေတဲ့ မိုးအောင်ရင်ကို ဖေဖေ အောင်ရင်က စနောက်ခဲ့တာ တွေ့ရပါတယ်။ ဖေဖေ အောင်ရင်က အခုချိန် ဆန်ဖရန်စ္စကို က သမီးငယ်လေးဆီကို အလည်ရောက်နေတာပါ။
Photo: Aung Yin
ဘုန်းကြီးလူထွက်လာတဲ့ သားဖြစ်သူ မိုးအောင်ရင်ကို ဖေဖေ အောင်ရင်က စနောက်ခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ ဆုံပြီး သီချင်းတွေ ဆိုနေတဲ့ မိုးအောင်ရင် ကတော့ ပျော်လို့ရွှင်လို့ပါပဲ။
‘’အယ်လယ့် ငါ့သားလေးဘာတွေလုပ်နေပါလိမ့်။ သမီးအီးပုရေ ကိုကို ဘာတွေလုပ်နေလဲ ကြည့်လိုက်ဦး။ မောင်ချို ဂတုံးလေး ပြည့်ပြည့် My son, ဟေ့ကောင့်တွေ ဘာလုပ်နေတာလဲ။ အောင်သူ ( Patric ) မိုးအောင်ရင် မြတ်မင်း ဆရာတို့ဘာလုပ်နေကြလဲဗျ’’ ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။
Photo: Aung Yin
မိုးအောင်ရင်ကတော့ ထောင်ကလွတ်လာပြီးတဲ့နောက် ပထမဆုံးအနေနဲ့ မေလ ၁၂ ရက်နေ့က သာသနာ့ဘောင်ထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ လူထွက်လာပြီဖြစ်ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာပါ။
‘’သာသနာ့ဘောင်မှာ ငြိမ်းချမ်းမူတွေ ရှာလိုက်ပါဦးမယ်’’ ဆိုပြီးတော့ မေလ ၁၂ ရက်နေ့ မနက် ၁၀နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ့်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။
Photo: Aung Yin
မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။