သူ့ရဲ့ အခွေအသစ်ထဲမှာ အချစ်တွေပဲ ပါမယ်နော်။

ဆိုတေးက သူကိုယ်တိုင်ရေးထားတဲ့ အချစ်သီချင်းလေးတွေကို တတိယမြောက်အခွေမှာ ပါဝင်ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ သူ့အတွက် အချစ်ဆိုတဲ့အရာကလည်း ဖြေဖို့ခက်ပါတယ်တဲ့။

Photo: So Tay



ဆိုတေးကတော့ လက်ရှိမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာပြီဖြစ်လို့ သီချင်းအသစ်တွေလည်း လုပ်နေပြီလို့ သိရပါတယ်။ မကြာခင်မှာ ပရိသတ်အရှေ့ရောက်လာတော့မယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’အခုက ကျန်းမာရေးကောင်းသွားပြီဆိုတော့ တတိယ Album အတွက် သီချင်းတွေ စီစဉ်နေတယ်။ နောက်ထပ် ၂ လလောက်တော့ ကြာဦးမယ်။ သီချင်းတွေကလည်း ကျွန်တော်ကိုယ်တိုင် ရေးထားတာပါ။ ဒါပေမယ့် Album နာမည်တော့ မပေးရသေးဘူး။ အချစ်သီချင်းတွေပဲ ပါမှာပါ’’ လိုု့ဆိုပါတယ်။

Photo: So Tay

အချစ်သီချင်းတွေ ရေးဖြစ်နေတာကြောင့် အချစ်ရေးအပေါ် ဆိုတေးရဲ့ လက်ရှိခံစားချက်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါသေးတယ်။

‘’အချစ်သီချင်းတွေ ရေးဖြစ်၊ ဆိိုဖြစ်ပေမယ့် လက်ရှိမှာတော့ အချစ်ရေးက တစ်ယောက်တည်းပါပဲ။ ကိုယ်တိုင်ပြောပြရမယ့် အချစ်ရေးဆိုရင်တော့ ဖြေဖို့တောင်ခက်ပါတယ်။ အချစ်ဆိုတာ အဖြေမရှိတာ မဟုတ်ပါဘူး။ အဖြေရှိပါတယ်’’ လို့ ကျောမှာ ဂဠုန် ရင်မှာနဂါး ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: So Tay

ဆိုတေးကိုတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘’မီးအိမ်ရှင်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေ ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့တာဖြစ်ပါတယ်။ လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့်လည်း အများကြီး အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’မင်္ဂလာပါ’’ အခွေကိုတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က