ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ကို ကန်တော့ခဲ့တာပါ။

နေခြည်ဦးက လက်ဦးဆရာတွေထဲကမှ တစ်ဦးဖြစ်သူ ဒါရိုက်တာကိုဇော်(အာရုဏ်ဦး) ကို ရိုက်ကွင်းပေါ်မှာ ကန်တော့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ဒါရိုက်တာကိုဇော်(အရုဏ်ဦး) နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပါတယ်။

Photo: တိုင်ရွန်



နေခြည်ဦးဟာ လက်ရှိမှာ ‘’ပုရိသ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာ ဖြစ်ပါတယ်။ သူမဟာ ရိုက်ကွင်းပေါ်မှာပဲ ဆရာဖြစ်သူ ဒါရိုက်တာကိုဇော်(အာရုဏ်ဦး) ကို ကန်တော့ခဲ့တယ်လို့ သိရပါတယ်

‘’ နေခြည့်ရဲ့ လက်ဦးဆရာတွေထဲက တစ်ယောက်ပေါ့။ ကိုဇော်(အရုဏ်ဦး)’’ ဆိုပြီးတော့ သူ့ရဲ့ Facebook My Day မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က တင်ခဲ့တာဖြစ်ပါတယ်။

Photo: နေခြည်ဦး

နေခြည်ဦး ဟာ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) နဲ့ ‘’အောက်ဖဲ မလှန်ကြေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကို ရိုက်ကူး ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး သရုပ်ဆောင် ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ နေခြည်ဦး ၊ ရွှေပိုးအိမ်၊ AK နိုင်၊ ဂါမဏိ၊ ရွှေဖူး၊ P ဂျာဆိုင်းဘူ နဲ့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်တို့ အဓိကပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

Photo: တိုင်ရွန်

လက်ရှိရိုက်ကူးပြီးခဲ့တဲ့ ‘’ ပုရိသ’’ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) က ပုံဖော်ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် ရဲအောင်၊ တိုင်ရွန်၊ ခိုင်သင်းကြည်၊ နေခြည်ဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ရိုက်ကူးတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ညမှာပဲ ရိုက်ကူးပြီးစီးခဲ့တာဖြစ်ပါတယ်။

Photo: Nay Chi Oo

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာအလုပ်တွေလည်း လုပ်လို့နေပါပြီ။ သူမ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က