အပြီးသတ်လူစာရင်းကနေ ပြုတ်ကျန်ခဲ့တာပါ။

အင်္ဂလန်ရဲ့ ယူရို-၂၀၂၄ အပြီးသတ် ကစားသမားစာရင်းမှာ မက်ဂွိုင်းရားလည်း ပြုတ်ကျန်ခဲ့ပါတယ်။ မနေ့က ဆောက်ဂိတ် ထုတ်ပြန်လိုက်တဲ့ အပြီးသတ် လူစာရင်းမှာ မက်ဂွိုင်းရားနဲ့အတူ မက်ဒီဆန်၊ ကာတစ်ဂျုံးစ်၊ ဘရန့်ဝိတ်တို့လို ကစားသမားတွေ ပြုတ်ကျန်ခဲ့တာပါ။



မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့ဧပြီလကတည်းက ကြွက်သားဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဆောက်ဂိတ်ရဲ့ ယူရိုဆန်ခါတင် ကစားသမားစာရင်းမှာတော့ ပါဝင်လာခဲ့ပြီး ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိခဲ့တာပါ။

မက်ဂွိုင်းရားကိုယ်တိုင်က အားလပ်ရက်မယူဘဲ ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးအချိန်အထိ အဆင်သင့်မဖြစ်ခဲ့တာကြောင့် အခုလိုပဲ လူစာရင်းကနေ ပြုတ်ကျန်ခဲ့တာဖြစ်ပါတယ်။ မက်ဂွိုင်းရားကလည်း “ဒီနွေမှာ အင်္ဂလန်နဲ့အတူ ယူရိုပြိုင်ပွဲ ကစားဖို့ အရွေးမခံရတဲ့အပေါ် စိတ်ပျက်မိပါတယ်”

“ကျနော် အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာကို မကျော်လွှားနိုင်တော့ပါဘူး။ ကျနော် အစွမ်းကုန် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့တာပါ။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ကျနော် စိတ်ပျက်မိပါတယ်။ ကျနော့်အတွက် အင်္ဂလန်ကို ကိုယ်စားပြုကစားခွင့်ရတာက ကြီးမားတဲ့ ဂုဏ်ယူစရာပါ”

“ဒါက ကျနော့်အတွက် အရာအားလုံးပါ။ ကစားသမားအနေနဲ့ အသင်းကို မကူညီနိုင်ရင် ပရိသတ်တစ်ယောက်အနေနဲ့ အားပေးပါမယ်။ ကျန်တဲ့တစ်နိုင်ငံလုံးနဲ့အတူပေါ့။ အနိုင်ယူခဲ့ကြပါ ငါ့ကောင်တို့။ အခုတော့ ကျနော် ယူနိုက်တက်ကို ပြန်သွားပြီး လာမယ့်ရာသီသစ်အတွက် ဆေးအဖွဲ့ရဲ့ ညွှန်ကြားမှုတွေကို ယူရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က