PUBG Mobile က တတိယမြောက် ဒေါင်းလုပ်ဆွဲမှုအများဆုံး ဂိမ်းပါ

အက်ပလီကေးရှင်းဈေးကွက်ဟာ တစ်နှစ်ထက် တစ်နှစ် အတက်ဘက်ကိုပဲ ပြနေပါတယ်။

Photo: Phone Arena

         ဈေးကွက်သုသေတန အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ App Annie ကနေ ထုတ်ပြန်မှုအရ ၂၀၁၈ အတွက် တစ်ကမ္ဘာလုံးမှာ app တွေ ဒေါင်းလုပ်ဆွဲတဲ့ အကြိမ်ရေဟာ ၁၁၃ ဘီလျံအထိ ရှိလာပြီလို့ဆိုပါတယ်။ App Annie ဟာ Apple iOS App Store နဲ့Google Play Store တို့မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ရရှိတဲ့ အချက်အလက်တွေကို လေ့လာပြီး ထုတ်ပြန်ထားတာပါ။

         ဒီလေ့လာမှုထဲမှာ တရုတ်မှ third-party app Stores တွေရဲ့ အချက်အလက်တွေ မပါဝင်တာကြောင့် တကယ်တမ်း app ဒေါင်းလုပ်ဆွဲတဲ့ အရေအတွက်ဟာ ပိုပြီး များဖို့ပဲ ရှိပါတယ်။ ၂၀၁၈ ခုနှစ် app ဒေါင်းလုပ်ဆွဲတဲ့ အကြိမ်ရေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ကထက် ၁၀% ပိုများလာတာလည်း ဖြစ်ပါတယ်။

         app တွေမှာ ပိုက်ဆံသုံးစွဲမှုအတိုင်းအတာကတော့ ၂၀၁၇ ကထက် ၂၀% ပိုများပြီး ဒေါ်လာ ၇၆ ဘီလျံကျော် ဝင်ငွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။ ဂိမ်းမဟုတ်တဲ့ app တွေထဲက ဒေါင်းလုပ်ဆွဲမှု အများဆုံးကတော့ Facebook Messenger ဖြစ်ပြီး သူ့နောက်မှာ Facebook ၊ WhatsApp Messenger ၊ Tik Tok နဲ့Instagram တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။

         ဂိမ်းတွေထဲမှာ Helix Jump ၊ Subway Surfers နဲ့PUBG Mobile တို့က ဒေါင်းလုပ်ဆွဲမှု အမြင့်ဆုံး ဂိမ်းတွေ ဖြစ်ခဲ့ပါတယ်။ app ကနေ ဝင်ငွေအများဆုံး ဂိမ်းတွေကတော့ Fate/Grand Order ၊ Honour of Kings ၊ Monster Strike နဲ့Candy Crush Saga တို့က ရပ်တည်နေပြီး ရိုးရိုး app တွေထဲမှာ Netflix ရုပ်သံဝန်ဆောင်မှု ၊ Tinder လက်တွဲဖော်ရှာ app နဲ့Tencent Video ပလက်ဖောင်းတို့က ဝင်ငွေအကောင်းဆုံး app တွေ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

Photo: Phone Arena

         App Annie မှ လာမယ့်နှစ်မှာ app ပေါ် ငွေသုံးစွဲမှုဟာ ဒေါ်လာ ၁၂၂ ဘီလျံအထိ ရှိလာမယ်လို့ခန့်မှန်းထားပြီး ဒီခန့်မှန်းမှုမှာတော့ တရုတ်မှ third party app Store များပါ ထည့်သွင်း တွက်ချက်ထားတာပါ။ 

Share

Loading Next Article...
က္က