အဖွဲ့သားတွေလည်း တော်တော်လေး ပင်ပန်းကြပါတယ်။

ဝေဠုကျော်ဟာ COVID-19 ကာကွယ်ရေးအတွက် PPE ဝတ်စုံတွေဝတ်ဆင်ပြီး အလုပ်လုပ်နေရတဲ့ ဖောင်ဒေးရှင်းက အဖွဲ့သားတွေအတွက် ခွန်အားဖြည့်အချိုရည်တွေ လှူဒါန်းပေးစေချင်တယ်လို့ဆိုပါတယ်။ 

Photo: Wai Lu Kyaw



သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ ဒီလိုဆောင်ရွက်နေရတဲ့ အချိန်မှာ အလှူရှင်တွေအနေနဲ့ သူ့နဲ့ အဖွဲ့သားတွေအတွက် ခွန်အားဖြည့်အချိုရည်တွေ လှူဒါန်းစေချင်တဲ့အကြောင်း ပြောပြလာပါတယ်။

"လူပူတာထက် စိတ်ပူတာက ပိုနေရတယ်။ အများနည်းတူကိုယ်လည်းကူယနေ့ လှိုင်(+)contact များ Qဝင်ရန် ခေါ်ဆောင်။ ဒီနေ့အလှည့်ကျ ဦးဆောင်သူကကျွန်တော်ဝေဠုကျော်ပေါ့ဗျာ (သံသယရှိသူတွေ သယ်ဆောင်ရာမှာ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ညီလေးဟန်လင်းထွန်းက ဒီနေ့ဆေးဖြန်း ) တလှည့်စီပေါ့ ၊ တလှည့်စီမလုပ်လို့လည်း မရ ပူချက်ကလွန်ရော PPE နဲ့ဆိုတော့ပိုဆိုးတာပေါ့။ နဖူးကချွေး ခြေမ မကျပေမယ့် ကျောကုန်းချွေးက ဘယ်ကြားစီးပြီး ရင်ဘတ်ကချွေးက ဘယ်ပေါ်ကျတယ်ဆိုပါတော့ ဗျာ၊ PPE ဝတ်နေကြရတဲ့ တစ်ယောက်ခြင်းစီတိုင်းကို ကိုယ်ချင်းစာလေးစားပါတယ်။ အပူချိန် စံချိန်သစ်တင်နေတဲ့ ရန်ကုန်အပူနဲ့ PPEဝတ်ရတဲ့သူတွေမှာ ချွေးထွက်လွန်ကြတာမို့ အဖွဲ့ကလူတွေ တော်တော် ပင်ပမ်းကြပါတယ်ဗျာ။ ဓာတ်ဆားသောက်ရမှ အဆင်ပြေကြပါတယ်။ဆေးဆိုင်အချို့က လဲ ပိတ်ကြတာမို့ BBIဓာတ်ဆား၊ အားဖြည့်အချိုရည်၊ Royal D တို့ အကူညီတောင်းပါရစေ" ဆိုပြီးတော့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ 


Photo: Wai Lu Kyaw

ဝေဠုကျော်ဖောင်ဒေးရှင်းကို လှူဒါန်းချင်တဲ့ အလှူရှင်တွေအတွက် ဝေဠုကျော်က ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေကို အခုလို ပြောပြခဲ့ပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင်း(09455500014/ 09455500010)၊ GMW(095061838/09782061838)၊ MMT ပြည်သူ့ကယ်ဆယ်ရေး(09695001419/095001419)၊ Facebook Account တွေဖြစ်တဲ့ WaiLuKyaw ၊ AungThaw၊ MaungMaungThant တို့ကို ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။ 


Photo: Wai Lu Kyaw

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် လာကမ်းလှမ်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က